K pop

■ Sana ဟာ အဖေ့ကို ဒီလိုလေး နွဲ့ဆိုးဆိုးနေတုန်းပါတဲ့

– – -Sana နဲ့ သူမရဲ့ဖခင်တို့ကြားက ချစ်ခြင်းမေတ္တာက ပရိသတ်တွေရဲ့ နှလုံးသားကို ထိရှစေမှာပါ။

TWICE အဖွဲ့ဝင် Sana ဟာ အသက်ငယ်ငယ်ကတည်းက အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်နဲ့အတူ မွေးရပ်မြေနဲ့ မိခင်ရင်ခွင်ကို စွန့်ခွာသွားခဲ့တာပါ။

Sana နဲ့ သူမရဲ့ဖခင်တို့ဟာ သူငယ်ချင်းလို အလွန်ရင်းနှီးစွာ ပေါင်းသင်းကြတာပါ။ အခုအရွယ်အထိလည်း Sana ဟာ သူမရဲ့ဖခင်နဲ့ဆိုရင် နွဲ့ဆိုးဆိုးနေတတ်တုန်းပါပဲ။ သူမနဲ့ ဖခင်တဲ့ပတ်သက်တဲ့အကြောင်းကိုတော့ Sana က Konwing Bors ရဲ့ အပိုင်းတစ်ပိုင်းမှာ ပြောကြားသွားခဲ့ပါတယ်။

“သိပ်မကြာခင်တုန်းက ကျွန်မအနေနဲ့ ဖိနပ်သစ်ဝယ်ခဲ့တယ်။ ဒါပေမဲ့ ခြေထောက်တွေက အရမ်းနာလာတယ်။ ဒါကြောင့် ဖိနပ်ချွတ်ပြီး အဖေရဲ့ ကျောကုန်းပေါ် ပြေးတက်ခဲ့တယ်။ အဖေက ကျွန်မကို ကျောပိုးပေးခဲ့ပါတယ်”
-Sana

ဒါကြောင့် Sana ဟာ အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက်အဖြစ် လူအများအလယ်မှာ ရပ်တည်နေပေမယ့် အဖေ့ရှေ့ရောက်ရင်တော့ နွဲ့ဆိုးဆိုးသွားတတ်တဲ့ ချစ်စရာ ကောင်မလေးတစ်ယောက်ပဲလို့ ဆိုရမှာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page