— – – ၂၀၁၅ က စတင်လက်တွဲလာတဲ့ အေဂျင်စီနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ပြီးနောက်မှာတော့ …
တောင်ကိုရီးယားရဲ့ Nation’s MC အဖြစ် သတ်မှတ်ခံရတဲ့ Yoo Jae Suk ဟာ စာချုပ်သက်တမ်းကုန်ရင် လက်ရှိ အေဂျင်စီ FNC Entertainment နဲ့လမ်းခွဲပြီး အေဂျင်စီသစ် ရှာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Yoo Jae Suk ဟာ ၂၀၁၅ ခုနှစ်၊ ဇူလိုင် (၁၆)ရက်မှာ FNC Entertainment နဲ့လက်တွဲခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ (၃)နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။ အခု လက်ရှိစာချုပ်ကတော့ ဇူလိုင် (၁၅)ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
Yoo Jae Suk ကတော့ FNC Entertainment နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီလို့ JTBC က ဖော်ပြခဲ့ပြီး FNC Entertainment ကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။
ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ Yoo Jae Suk က Kakao Entertainment နဲ့ လက်တွဲဖို့ ရှိနေတယ်လို့ ဖော်ပြနေကြပြီး Kakao Entertainment ကတော့ Yoo Jae Suk နဲ့ ဆွေးနွေးမှုတွေရှိပေမဲ့ ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
Ref: Koreaboo