K pop

■ IZ*ONE ပြန်လာမယ့် ဆွေးနွေးမှု ဘယ်လိုဖြစ်သွားလဲ

— ပရိသတ်တွေဟာ IZ*ONE အဖွဲ့ Re-Debut ပြန်လုပ်ဖို့ မျှော်လင့်ခဲ့ကြပြီး အခုသူတို့ရဲ့ ဆွေးနွေးမှု က ဘယ်လိုဖြစ်သွားသလဲဆိုတာ ….

IZ*ONE အဖွဲ့အနေနဲ့ K-pop ဇာတ်ခုံအလယ်မှာ ပြန်လည် Re-Debut လုပ်မယ့် ဆွေးနွေးမှုဟာ ပျက် ပြယ်သွားပြီဖြစ်ကြောင်း CJ ENM က အတည်ပြုခဲ့ပါတယ်။

CJ ENM ရဲ့ ဖော်ပြချက်အရ IZ*ONE အဖွဲ့ကို Re-Debut လုပ်ဖို့ အဖွဲ့ဝင်တွေရဲ့ အေဂျင်စီတွေနဲ့ အသီးသီးဆွေးနွေးခဲ့ကြပေမယ့် အဆုံးမှာ သဘောတူညီမှုတွေမရခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့လက CJ ENM ဟာ IZ*ONE အဖွဲ့ကို Re-Debut လုပ်ဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့ အတည်ပြုခဲ့တာကြောင့် ပရိသတ်တွေ ဝမ်းသာခဲ့ကြပေမယ့် အခုအခါမှာတော့ ဆွေးနွေးမှုဟာ မဖြစ်မြောက်ခဲ့တာကြောင့် ပရိသတ်တွေ ပြန်ကြေကွဲခဲ့ကြရပြန်ပါပြီ။

CJ ENM က “ ကျွန်တော်တို့ဟာ IZ*ONE အဖွဲ့ဝင်တွေရဲ့ အေဂျင်စီတွေနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ပြန်လည် Debut လုပ်ဖို့ လမ်းကြောင်းတွေ ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ ဆွေးနွေးမှု အထမမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ အဖွဲ့ဟာ ပြန်လည် Debut လုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆို ပေမယ့် အဖွဲ့ဝင်တွေရဲ့ အနာဂတ်အနုပညာလှုပ်ရှားမှုတွေကို အားပေးထောက်ခံနေမှာပါ” လို့ အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page