—- Wooga Family သူငယ်ချင်းတွေဟာ မအားလပ်တဲ့ကြားကနေ Choi Woo Shik ရဲ့ Online Fan Meeting ကို သွားခဲ့ကြပြီး..
မင်းသား Choi Woo Shik က သူ့ရဲ့ ဇာတ်ကား Prarasite အော်စကာဆုရရှိတဲ့အခါ အရင်ဆုံးဂုဏ်ပြု တာက BTS အဖွဲ့ဝင် V လား… မင်းသား Park Seo Joon လားဆိုတာကို ပြောပြခဲ့ပါတယ်။
ဇူလိုင်လ 5 ရက်နေ့က Choi Woo Shik ဟာ သူ့ရဲ့ Online Fan Meeting ‘A Midsummer Night’s Dream’ ကိုပြုလုပ်ခဲ့ပါတယ်။ အဲဒီ Fan Meeting ဒုတိယပိုင်းမှာ Choi Woo Shik ဟာ သူ့ရဲ့ Wooga Family သူငယ်ချင်းတွေဖြစ်တဲ့ V ၊ Park Seo Joon ၊ Park Hyung Sik နဲ့ Paekboy တို့ကိုပါ ဖိတ်ခေါ် ခဲ့တာဖြစ်ပါတယ်။
Wooga Family တွေ အားလုံးစုဝေးပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေကြတဲ့အခါမှာ Choi Woo Shik ဟာ ‘ မင်းရဲ့ ရုပ်ရှင် Parasite အော်စကာဆုတွေရရှိတော့ အရင်ဆုံးဂုဏ်ပြုတာက ဘယ် သူလဲ” လို့ မေးမြန်းခံခဲ့ရပါတယ်။
အဲဒီမေးခွန်းကို Choi Woo Shik က ပြန်မဖြေခင်မှာ V က “ အော်စကာဆု ဆုပေးပွဲကျင်းပတုန်းက ကျွန်တော်လည်း U.S ရောက်နေတာပါ။ ဆုပေးပွဲကို Live ကြည့်ခဲ့ပြီး ဆုရတာနဲ့ ချက်ချင်း သူ့ဆီ ကျွန်တော် ဂုဏ်ပြုစာပို့တာပါ” လို့ပြောခဲ့ပါတယ်။
ဒါပေမဲ့ Park Seo Joon ကလည်း သူအရင်ဆုံး စာပို့တာပါဆိုပြီး V နဲ့ အပြိုင်ဆိုခဲ့ကြပါတယ်။ Choi Woo Shik ကနောက်တော့ “ ပြောရမယ်ဆိုရင်တော့ V ရော Park Seo Joon ရော တစ်ပြိုင်တည်း စာပို့တာဖြစ်ပါတယ်။ သူတို့ရဲ့ ဂုဏ်ပြုတဲ့စာဟာ ကျွန်တော့်ကို အားအင်တွေဖြစ်စေခဲ့ပါတယ်။ V က အမေရိကကပို့သလို Park Seo Joon ကတော့ ကိုရီးယားကနေ ပို့တာပါ။ မင်းတို့ကို နောက်တစ် ကြိမ်ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
-m2t
Ref: SBSstar