—- Song Ji Hyo နဲ့ Lee Kwang Soo တို့ Running Man မှာ ဘယ်လိုစတင်ပါဝင်လာကြသလဲဆို တဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းကို Yoo Jae Suk က ပြောပြခဲ့…
ဇူလိုင်လ 4 ရက်နေ့က ပြသခဲ့တဲ့ Running Man အပိုင်းသစ်မှာ Yoo Jae Suk က Song Ji Hyo နဲ့ Lee Kwang Soo တို့အနေနဲ့ Running Man အစီအစဉ်မှာ ဘယ်လိုစတင်ပါဝင်လာကြသလဲဆိုတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။
Yoo Jae Suk က “ RM ထုတ်လုပ်ရေးအဖွဲ့ဟာ Song Ji Hyo ကို အစီအစဉ်ထဲ ဘာကြောင့် ထည့် သွင်းခဲ့သလဲဆိုတဲ့ အကြောင်းပြချက်က ‘Family Outing’ အစီအစဉ်မှာ ပြသခဲ့တဲ့ သူမရဲ့ မမေ့နိုင် စရာ ပုဂ္ဂိုလ်ရေးတစ်ခုကြောင့်ဖြစ်ပါတယ်။
‘Family Outing’ အစီအစဉ်မှာ Song Ji Hyo ဟာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ဖူးတာပါ။ သိတဲ့အတိုင်း အဲဒီ Show မှာ ဧည့်သည်တွေဟာ အစောကြီးထရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ Ji Hyo ကို ရိုက် ကူးမှုနားတဲ့အချိန်မှာ ခဏတဖြုတ်အိပ်ပြီး နားလို့ရတယ်လို့ ပြောခဲ့ပါတယ်။ နောက်တော့ ရိုက်ကူးရေး ပြန်စတော့ ဘယ်သူမှ Ji Hyo ကိုမတွေ့တော့ပါဘူး။ ဒါကြောင့် သူမကို ကျွန်တော်တို့ လိုက်ရှာခဲ့ရပါ တယ်။
သူမကို ရိုက်ကူးရေးအခန်းရဲ့ ကပ်ရပ်အခန်းမှာ အိပ်နေတာကို ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်။ သူမ ဟာ ဟောက်တောင်ဟောက်နေတာပါ။ အဲဒီတုန်းက ထုတ်လုပ်ရေးတွေကို မမေ့နိုင်စရာအမှတ်တရ ပေးခဲ့လို့ သူမကို RM မှာပါဝင်စေဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
နောက်တော့ Yoo Jae Suk က Lee Kwang Soo ကို RM မှာ ပါဝင်စေခဲ့မှုနဲ့ပတ်သက်ပြီးတော့လည်း ပြောခဲ့ပါတယ်။
“ RM ထုတ်လုပ်ရေးအဖွဲ့ဟာ ကျွန်တော့်ကို Lee Kwang Soo ကို ခေါ်ရင် ဘယ်လိုလဲလို့ ကျွန်တော့် ကို မေးခဲ့ပါတယ်။ ကျွန်တော်ကလည်း Lee Kwang Soo နဲ့ ‘Come to Play’ မှာ အတူတူအလုပ်လုပ် ခဲ့ဖူးတာကြောင့် သူဟာ အလွန်ထူးချွန်တော့် ဖျော်ဖြေရေးသမားတစ်ဦးဆိုတာ ကောင်းကောင်းသိပါ တယ်။ ဒါကြောင့် ကျွန်တော်ဟာလည်း ထုတ်လုပ်ရေးအဖွဲ့ကို Lee Kwang Soo ဟာ အလွန်ထူးချွန် တဲ့ဖြစ်ပြီး ဖျော်ဖြေရေးအတွက် အလိုလိုထိုးထွင်းသိမြင်နိုင်တဲ့ ပင်ကိုယ်စိတ်ရှိသူလို့ မှတ်ချက်ပေးခဲ့ပါ တယ်” လို့ Yoo Jae Suk က ဆိုခဲ့ပါတယ်။
Song Ji Hyo နဲ့ Lee Kwang Soo တို့ဟာ 2010 ခုနှစ် ဇူလိုင်လ RM အစီအစဉ်စတင်ပြကတည်းက ပါဝင်ခဲ့တဲ့သူတွေဖြစ်ပြီး အခုအခါမှာတော့ Lee Kwang Soo က ဒဏ်ရာကြောင့် အစီအစဉ်ကနေ ထွက်သွားပြီဖြစ်ပါတယ်။
-m2t
Ref: SBSstar