Cele

■ Choi Woo Shik ရဲ့ ဖုန်းထဲမှာ Park Seo Joon နာမည်ကို ဘယ်လိုမှည့်ထားသလဲ

— Choi Woo Shik မှည့်ထားတဲ့ Park Seo Joon နာမည်ပြောင်ကို သိရင်…

မကြာသေးခင်က Choi Woo Shik ဟာ သူ့ရဲ့ အနုပညာသက်တမ်း 10 နှစ်ပြည့် နှစ်ပတ်လည် အတွက် Online Fan Meeting ‘A Midsummer Night’s Dream.’ ကိုကျင်းပခဲ့ပြီး အဲဒီမှာ Wooga Family သူငယ်ချင်းတစ်သိုက်ကို ဖိတ်ခေါ်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

 

အဲဒီမှာ Choi Woo Shik ဟာ Wooga Family သူငယ်ချင်းတွေဖြစ်တဲ့ V ၊ Park Seo Joon ၊ Park Hyung Sik နဲ့ Paekboy တို့ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကို မေးမြန်းခဲ့သလို ပရိသတ်တွေရဲ့ မေးခွန်းအချို့တွေကိုလည်း ပြန်ဖြေခဲ့ကြပါတယ်။ နောက်ပြီး Choi Woo Shik ဟာ သူ့ရဲ့ ဖုန်းထဲမှာ Park Seo Joon ရဲ့ နာမည်ကို ဘယ်လိုမှည့်ထားသလဲဆိုတာကိုပါ ထုတ်ဖော်ခဲ့ပါတယ်။

“ ကျွန်တော့်ဖုန်းထဲမှာ Park Seo Joon ရဲ့ နာမည်ကို ‘ Driver Park ‘ လို့ မှည့်ထားတာပါ။ ဟိုးအ ရင်တုန်းက ကျွန်တော် ကားကောင်းကောင်းမမောင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် ကားမောင်းရဖို့ ကြုံလာရင် Park Seo Joon ကို ဖုန်းခေါ်ပြီး ကားမောင်းခိုင်းခဲ့ပါတယ်။ အဲဒီကတည်းက Park Seo Joon ကို ကျွန်တော်က ဖုန်းထဲမှာ Driver Park လို့ မှည့်ထားတာဖြစ်ပါတယ်။ ဖုန်းတိုင်းမှာ Park Seo Joon နာမည်ကို Driver Park လို့မှည့်ထားတာ 8 နှစ်လောက်ရှိပါပြီ။ တစ်ခါမှ ကျွန်တော် ပြောင်းလဲခဲ့ ခြင်းမရှိပါဘူး” လို့ Choi Woo Shik က ပြောပြခဲ့ပါတယ်။

Park Seo Joon က Choi Woo Shik ရဲ့ စကားကို နားထောင်ပြီးတဲ့အခါ “ တကယ်ကြီးလား…ဘာ ကြောင့် ငါက Driver Park ဖြစ်သွားတာလဲ…မလိုချင်ဘူး” လို့ ရယ်မောပြီး ပြန်ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

 

You cannot copy content of this page