K pop

■ သူ အံ့အားသင့်ဖွယ်ပေါ်ပြူလာဖြစ်လာတာ Suzy နဲ့ Nam Joo Hyuk တို့ကြောင့်ပါလို့ Kim Seon Ho ဆို

— မင်းသား Kim Seon Ho က သူ့အနေနဲ့ အခုလို ရုတ်တရက် အံ့အားသင့်ဖွယ်ပေါ်ပြူလာဖြစ်လာ တာ Start-up ဒရာမာထဲက Lead Role တွေဖြစ်တဲ့ Suzy နဲ့ Nam Joo Hyuk တို့ရဲ့ ကူညီထောက်ပံ့ ပေးမှုကြောင့်ဖြစ်ကြောင်းနဲ့ ပေါ်ပြူလာဖြစ်သွားလို့ ‘2 Days & 1 Night’ ရသစုံလင်အစီအစဉ်က ထွက် သွားမယ်ဆိုတဲ့ ကောလဟာလတွေဟာ မဟုတ်မှန်ဘူးလို့ ပြောခဲ့ပါတယ်။

Kim Seon Ho ဟာ KBS’ variety show ‘2 Days & 1 Night’ ရဲ့ Cast Member တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ 29 ရက်နေ့က အပိုင်းတစ်ခုထွက်ခဲ့ပြီး အဲဒီမှာ Kim Seon Ho က ပြောခဲ့တာပါ။

Kim Seon Ho က “ ကျွန်တော် ရုတ်တရက်ပေါ်ပြူလာဖြစ်လာတာ ဒရာမာ Lead Actor တွေဖြစ်တဲ့ Suzy နဲ့ Nan Joo Hyuk တို့ရဲ့ကျေးဇူးကြောင့်ပါ။ သူတို့တွေရဲ့ ကူညီအားပေးမှုကြောင့်လို့ ထင်ပါ တယ်” လို့ပြောခဲ့ပါတယ်။

Show အတွင်းမှာ Kim Seon Ho ကို Ravi နဲ့ အခြား Cast Member တွေက ကောလဟာလနဲ့ပတ် သက်ပြီး နောက်ပြောင် မေးမြန်းခဲ့ကြပါတယ်။

Kim Seon Ho က “ ပရိသတ်တွေရဲ့ Comment တွေကိုဖတ်ပြီး ကျွန်တော် ခံစားရလို့ ငိုခဲ့ရပါတယ်။ ကျွန်တော့်ကို ဒီ Show ‘2 Days & 1 Night’ ကနေ မထွက်ခွာသွားဖို့ တောင်းဆိုကြတဲ့ Comment တွေဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီအခါ Ravi က “ ဘာလို့လဲဆိုတော့ ပရိသတ်တွေက မင်းအနေနဲ့ ဒရာမာနဲ့ Show ကို လုပ်နေ တော့ ပင်ပန်းမှာစိုးလို့ဖြစ်ပါလိမ့်မယ်” လို့ ပြောခဲ့သလို အခြား Cast တစ်ဦးဖြစ်တဲ့ DinDin ကလည်း နောက်ပြောင်ခဲ့ပါသေးတယ်။

Kim Seon Ho က “ အခြား Cast Member တွေအားလုံးလည်းရှိတဲ့အချိန် ကျွန်တော် ပြောပါ့မယ်။ ဒီ အစီအစဉ်ကနေ နောက်ဆုံးအချိန်မတိုင်ခင်အထိ ဆက်ရှိနေမှာပါ။ ထွက်မသွားပါဘူး” လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: SBSstar

You cannot copy content of this page