— ဒီနေ့ နာမည်ကြီးမင်းသားတွေဟာ အရင်တုန်းက Fanboy ဖြစ်ခဲ့တဲ့သူတွေပဲမဟုတ်ပါလား။ သူတို့မှာ လည်း ငယ်စဉ်က အရမ်းသဘောကျနှစ်ခြိုက်ခဲ့ကြတဲ့ အနုပညာရှင်တွေရှိတတ်ကြပါတယ်။
“Dr. Romantic 2” ဒရာမာနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခြင်းကို ရရှိခဲ့ကြကာ အောင်မြင်မှုရရှိနေပြီဖြစ် တဲ့ မင်းသားချော Ahn Hyo Seop မှာလည်း ငယ်စဉ်က အားပေးရူးသွပ်ခဲ့ရတဲ့ မင်းသားတစ်ဦးရှိပါ တယ်။ သူဟာ အဲဒီမင်းသားနဲ့ Baeksang Arts Awards ဆုပေးပွဲတုန်းက တွေ့ခဲ့ရပြီး အိပ်မက်တွေ ပြည့်ဝခဲ့ပုံကို Cosmopolitan အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။
“ ကျွန်တော် စီနီယာ Hyun Bin ကို ငယ်စဉ်ကတည်း နှစ်သက်အားပေးခဲ့သူဖြစ်ပါတယ်။ Baeksang Arts Awards ဆုပေးပွဲတုန်းက စီနီယာဟာ ကျွန်တော်ရဲ့ အနောက်မှာ ထိုင်နေခဲ့တာဖြစ်ပါတယ်။ စီ နီယာအနေနဲ့ ကျွန်တော့်ရဲ့နောက်မှာ ထိုင်နေတယ်လို့ သိလိုက်တဲ့အချိန်မှာ ကျောရိုးတွေအေးစိမ့်ပြီး စိတ်တွေလည်း လှုပ်ရှားနေခဲ့ရတာဖြစ်ပါတယ်။
အဲဒီမှာ စီနီယာတွေဖြစ်တဲ့ Son Ye Jin နဲ့ Namgoong Min တို့လည်းရှိကြပါတယ်။ ကျွန်တော် စီနီ ယာ Hyun Bin ကို “Hi” ဆိုပြီး နှုတ်ဆက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ၂ မီတာလောက်ဝေးတဲ့ ကျွန်တော်တို့ နှစ်ဦးရဲ့အကွာအဝေးကို ကျွန်တော် အဝေးကြီးပဲလို့ ခံစားခဲ့ရပြီး ဆွံ့အနေခဲ့ပါတယ်။ ကျွန်တော့် မျက်စိ သူတို့တွေဟာ တကယ့် ထိတ်ထိတ်ကြဲ Cele တွေဖြစ်ပြီး စကားသွားပြောလိုက်ရင် အနှောက်အယှက် ဖြစ်သွားမှာကိုလည်း စိုးရိမ်နေခဲ့ပါတယ်”
-Ahn Hyo Seop
-m2t
Ref: Soompi