Relationship တစ်ခုမှာ အရေးကြီးဆုံးက ယုံကြည်မှုနဲ့ သစ္စာရှိဖို့ပဲဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိ RS တစ်ခုကို တည်ဆောက်ပြီး တန်ဖိုးထားတတ်တဲ့ ယောကျာ်းသားတွေဟာ ပျိုမေတွေရဲ့ အိပ်မက် သတိုးသားတွေဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် Idol တွေဟာ သူတို့ရဲ့အနာဂတ်လက်တွဲဖော်နဲ့ ဘဝတွေကို ဖော်ပြထားသူတွေပါ။ သူတို့တွေက ဘဝအတက်အမြင့်၊ အတက်အကျတွေနဲ့ရင်ဆိုင်ရပါစေ သူတို့ရဲ့လက်တွဲဖော်နဲ့ ဘဝနေ ဝင်ချိန်အထိ ကုန်ဆုံးချင်တယ်လို့ ပြောထားတဲ့သူတွေဖြစ်ပါတယ်။
BTS’ V
BTS အဖွဲ့ရဲ့ Debut နေ့တွေတုန်းက အဖွဲ့ဝင် V ဟာ အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြခဲ့ဖူးပါတယ်။ “ အသက် 40 မတိုင်ခင်အထိ အဆိုတော်၊ သရုပ်ဆောင်တွေအပါအဝင် အနုပညာနဲ့ပတ်သက်တဲ့ အရာ မှန်သမျှ အကုန်လုံးလုပ်နေမှာပါ။ အသက် 40 နောက်ပိုင်းမှာတော့ ဘဝကို ကျွန်တော့်ရဲ့ လက် တွဲဖော်နဲ့ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ ကလေးတွေကို အဖေတစ်ယောက်ပီသစွာ ဂရုစိုက်ချင်ပါတယ်။ ကလေးတွေကို သွန်သင်ပြီး အကြံဉာဏ်ကောင်းတွေပေးပါမယ်။ နောက်ပြီး မိန်းမကိုလည်း အများကြီး ဆူချင်ပါတယ်” – V
SF9’s Rowoon
SF9 အဖွဲ့ဝင် Rowoon က ပြီးခဲ့တဲ့ ဇန်နဝါရီလ 9 ရက်တုန်းက အစီအစဉ်တစ်ခုမှာ အတိတ်က အချစ် ပုံပြင်ကိုပြောပြခဲ့ပါတယ်။ သူဟာ EX-Girlfriend နေမကောင်းဖြစ်ရင် သူမအိမ်ကို အရောက်သွားပြီး အားဖြည့်ယာဂုတွေ၊ လက်ဖက်ရည်တွေ ဝယ်ယူသွားပေးခဲ့ပါတယ်လို့ Rowoon က ပြောခဲ့ပါတယ်။
EXO’s D.O.
D.O. ဟာ တစ်ခါတုန်းက သူ့ရဲ့ အချစ်ဇာတ်လမ်းမှာ EX အပေါ် အလွန်စိတ်နှစ်ခဲ့တဲ့ ယောကျာ်းလေး ဖြစ်ခဲ့တာကြောင့် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောက်တစ်ခါ RS ချိတ်တဲ့အခါ Girlfriend အပေါ် အလွန်အကျွံ ဂရုစိုက်မှုတွေ၊ ကာကွယ်မှုတွေ၊ မနာလိုမှုတွေဖြစ်တော့မှာမဟုတ်ဘဲ သူမရဲ့ ဆုံး ဖြတ်ချက်နဲ့နားလည်မှုကို ဦးစားပေးမယ်လို့ D.O. က ပြောခဲ့ပါတယ်။
INFINITE’s Sunggyu
Sunggyu ဟာ အထက်တန်းကျောင်း ပထမနှစ်တုန်းက ထားခဲ့ဖူးတဲ့ သူ့ရဲ့ First Love အကြောင်း ပြောပြခဲ့ဖူးပါတယ်။ Sunggyu က သူတို့တွေခွာပြဲသွားတဲ့အခါမှာ ကောင်မလေးကို လက်လွှတ်မခံနိုင် လို့ မိုးရေထဲအချိန်အကြာကြီး သူမရဲ့အိမ်ရှေ့ရပ်စောင့်ခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။
BTOB’s Minhyuk
BTOB အဖွဲ့ဝင် Minhyuk ကလည်း Sunggyu လိုပါပဲ။ Minhyuk က သူ့ရဲ့ First Love ကတော့ တစ်ဖတ်သက်အချစ်လို့ ဆိုခဲ့ပါတယ်။ အဲဒီမိန်းကလေးကို (၄)နှစ်လောက် တစ်ဖတ်သက်ချစ်ခဲ့တာ လို့ ပြောခဲ့ပါတယ်။
-m2t
Ref: Kstarlive