— Debut မလုပ်ခင်တုန်းက Jungkook စဉ်းစားခဲ့တဲ့ စတိတ်အမည်တွေတဲ့…သိကြသလား…ARMY တွေ…
BTS အဖွဲ့ရဲ့ အငယ်ဆုံးလေး Jungkook ဟာ K-pop စတိတ်အမည်ကို သူ့မွေးနာမည်ကိုပဲ ပြန်ယူထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ Debut မလုပ်ခင်တုန်းက စတိတ်အမည်တွေကို စဉ်းစားခဲ့ဖူးပြီး အဲဒီအမည်တွေကို ယူဖို့ နီးစပ်ခဲ့တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။
Jungkook ဟာ အဲဒီအကြောင်းကို အရင်တုန်းက Knowing Brothers အစီအစဉ်မှာတုန်းက ပြောခဲ့ဖူး တာဖြစ်ပြီး မသိရသေးတဲ့ ARMY တွေအတွက်ကတော့ အသစ်လို့ထင်ပါတယ်။ အဲဒီမှာ Jungkook က ပထမဆုံးအနေနဲ့ စတိတ်အမည်အဖြစ် “Seagull” လို့ စဉ်းစားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
“Seagull” ဆိုတာ စင်ရော်ငှက်ဖြစ်ပြီး သူ့မွေးရပ်မြေ ဘူဆန်မြို့ရဲ့ အထင်ကရ ငှက်လည်းဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို “Seagull” လို့ စတိတ်အမည်စဉ်းစားခဲ့ဖူးပေမယ့် စိတ်ထဲ သိပ်မကြိုက်ခဲ့လို့ ပယ်ချခဲ့ ပါတယ်။
ဒုတိယအမည်အနေနဲ့ “Tattoo” ဆိုပြီး စဉ်းစားခဲ့ဖူးပေမယ့် ကြောင်တောင်တောင်နိုင်လို့ ပယ်ချခဲ့ပြန်ပါ တယ်။ နောက်ပြီး “Ian” လို့လည်း စဉ်းစားခဲ့ပြီး အသုံးမဝင်လောက်ဘူးဆိုကာ မယူခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ Jungkook အဖြစ်နဲ့ပဲ Debut လုပ်ခဲ့တာဖြစ်ပြီး ARMY တွေအတွက် Golden Maknae လေး Jungkook အဖြစ် ဖြစ်တည်လာခဲ့တယ်လို့ ဆိုရမှာပါ။
-m2t
Ref: Koreaboo