K pop

■ Idol Group တွေအတွက် Fandom နဲ့ Public လူသိများမှု ဘယ်ဟာအရေးကြီးတယ်လို့ ထင်သလဲ

— K-popper ယောရောဘွန်း…Idol Group တွေအတွက် Fandom နဲ့ Public လူသိများမှု ဘယ်ဟာ အရေးကြီးဆုံးလို့ ထင်ပါသလဲ…လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်…

K Netizen တစ်ဦးရဲ့ ‘ Idol Group တွေအတွက် Fandom နဲ့ Public လူသိများမှု ဘယ်ဟာ အရေးကြီးလဲ’ ဆိုတဲ့ ပို့စ်ဟာ K-popper တွေကြား စိတ်ဝင်စားမှုရခဲ့ပါတယ်။ များစွာသော K Netizen တွေဟာ အဆိုပါပို့စ်ရဲ့အောက်မှာ သူတို့ရဲ့ အမြင်တွေကို ဘယ်အရာက အရေးကြီးဆုံးလဲ ဆိုတာကို မှတ်ချက်ပြုခဲ့ကြပါတယ်။

K Netizen တွေရဲ့ အမြင်ကတော့ နှစ်ပိုင်းကွဲခဲ့ပါတယ်။ အချို့တွေကတော့ Public လူသိများမှုက အဖွဲ့တစ်ဖွဲ့ကို အချိန်အကြာကြီး နှစ်ပေါင်းများစွာ ပိုရှည်အောင် ကူညီပေးတယ်လို့ ဆိုကြပါတယ်။ အချို့ကြတော့ Fandom ကြီးမားမှုက အဖွဲ့တစ်ဖွဲ့ကို ရေရှည်နှစ်ပေါင်းများစွာတည်ရှိပါတယ်လို့ သုံး သပ်ကြပါတယ်။ K Netzien အချို့ကို အမြင်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

“ General Public လူသိများပြီး ပေါ်ပြူလာဖြစ်တဲ့ Idol တွေက နှစ်ရှည်တည်ရှိကြပါတယ်”

“ ရိုးသားစွာပြောရရင် General Public လူသိများတဲ့ Group တွေဟာ သူတို့ရဲ့ သီချင်းကို သူတို့ကိုယ် တိုင်ဖန်တီးတာပါ။ ဒီလိုပဲ General Public လူသိများခြင်းမရှိတဲ့ Idol တွေကတော့ Fandom သေး သေးလေးပဲရှိတယ်လို့ ထင်ပါတယ်”

“ Idol Group တွေနဲ့ပတ်သက်တဲ့ Album sales နဲ့ Merchandise တွေကို သူတို့ရဲ့ ပရိသတ်တွေကပဲ ဝယ်ယူတာပါ။ General Public တွေကျတော့ သူတို့ သီချင်းပဲနားထောင်ပြီး ဝယ်ရင်လည်း အရမ်း ကောင်းတဲ့အရာတွေပဲ ဝယ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် Idol Group အတွက် Fandom ကြီးလေ ပိုကောင်းလေပါပဲ”

“ Fandom အကြီးဆုံးအဖွဲ့တွေလို့ ပြောရင် EXO နဲ့ BTS ပေါ့။ General Public လူသိများတာဆိုရင် BIG BANG နဲ့ IU ပေါ့။ ဒါကြောင့် Fandom နဲ့ Public လူသိများမှု ဒီနှစ်ခု ခွဲခြားဖို့ခက်ပါတယ်။ အလွန် ပေါ်ပြူလာဖြစ်ခြင်းရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ Fandom Base လည်းရှိပါတယ်”

“ Fandom က ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ Fandom တွေဟာ သူတို့အားပေးတဲ့ Idol Group သီချင်းတွေကိုပဲ 8-9 နှစ်လောက်နားထောင်ကြတာပါ။ General Public ကြတော့ တစ်နှစ်ထဲမှာကို ပေါ်ပြူလာဖြစ်တဲ့ Group၊ Idol တွေရဲ့သီချင်းတွေကိုလည်း နားထောင်ပါတယ်”

“ Idol အဖွဲ့တစ်ဖွဲ့မှာ ခိုင်မာတဲ့ Fan Base မရှိဘဲ General Public နဲ့ လူသိများမယ်ဆိုရင် ဝေဖန်မှု တွေက အလွယ်တကူဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် Fandom ကြီးမားတာက ပိုအရေးကြီးပါ တယ်”

-m2t
Ref: Allkpop

You cannot copy content of this page