K pop

■ BLACKPINK အဖွဲ့ဝင်တွေရဲ့ Idol မဟုတ်တဲ့ ကလေးဘဝက အိပ်မက်

— BLACKPINK အဖွဲ့ဝင်တွေရဲ့ Idol မဟုတ်တဲ့ ကလေးဘဝက အိပ်မက်တွေက ဘာဖြစ်မလဲလို့ ထင်ပါသလဲ…

BLACKPINK အဖွဲ့ဝင်တွေကို Idol ကနေလွဲပြီး အခြားပရော်ဖက်ရှင်နယ်လူသားတွေအဖြစ် ဘယ်လို မှစိတ်ကူးလို့မရတာ BLINK တွေပါ။ ဒီလိုချစ်စရာကောင်းတဲ့ Idol တွေဖြစ်လာလို့ BLINK တွေဆိုတာ လည်းဖြစ်တည်လာတာမဟုတ်လား…

Star Road နဲ့ အင်တာဗျူးမှာတုန်းက BLACKPINK အဖွဲ့ဝင်တွေဟာ Idol မဟုတ်တဲ့ ကလေးဘ၀ အိပ်မက်တွေက ဘာလဲဆိုတာကို ပြောခဲ့ကြပါတယ်။

Jennie ရဲ့ ဖြေပုံအရ သူမဟာ ကလေးဘဝတုန်းက ဘဲလေးအက စိတ်ဝင်စားခဲ့ပြီး ဘဲလေးအကမယ် ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နည်းနည်းလေးအသက်ကြီးလာတော့ သူမရဲ့ စိတ်အားထက် သန်မှုကို Music ဆိုတာကို သိခဲ့ပြီး အဆိုတော်ဖြစ်ဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး Jennie က သူမဟာ Idol ဖြစ်လာဖို့ ကံကြမ္မာမရှိခဲ့ဘူးဆိုရင် Photographer ဖြစ်နေလောက်ပြီလို့လည်း ပြော ခဲ့ပါတယ်။

Jisoo ကတော့ သူမအနေနဲ့ ကလေးဘဝတုန်းက ဝတ္ထုစာရေးဆရာ ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက သူမအနေနဲ့ သိကျသေချာတဲ့ စိတ်အားထက်သန်တဲ့လမ်းကြောင်း မရှိခဲ့ပေမယ့် ဝတ္ထုကို တော့ နှစ်သက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Lisa ရဲ့ ကလေးဘ၀ ဆန္ဒကတော့ မော်ဒယ်ဖြစ်ချင်တာပါ။ နောက်ပြီး သူမဟာ Jennie လိုပဲ Idol ဖြစ် လာဖို့ ကံကြမ္မာမစပ်ခဲ့ဘူးဆိုရင် Photographer ဖြစ်နေလောက်ပြီလို့လည်း ပြောခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ Main Vocalist ဖြစ်တဲ့ Rosé ရဲ့ ကလေးဘဝအိပ်မက်ကတော့ Art ဆရာဖြစ် ချင်ခဲ့တာလို့ ဆိုပါတယ်။ ကလေးဘဝတုန်းက သူမဟာ ပုံဆွဲရတာကို နှစ်သက်ခဲ့တာကြောင့် Art ဆရာဖြစ်ချင်ခဲ့တာလို့ ပြောပါတယ်။ တကယ်လို့ သူမအနေနဲ့ Idol သာ ဖြစ်မလာခဲ့ဘူးဆိုရင် သေ ချာတယ် ပုံဆွဲနေလောက်တယ်လို့ ဆိုခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page