Celebrity

■ ကိုရီးယား TV Variety Program သမိုင်းမှာ စံချိန်သစ်တင်တော့မယ့် Running Man

— Running Man အစီအစဉ်ဟာ ကိုရီးယား TV Variety Program သမိုင်းမှာ စံချိန်တစ်ခုကို စိုက်ထူ တော့မှာဖြစ်ပါတယ်။

အဲဒီစံချိန်ကတော့ Running Man အစီအစဉ်ဟာ ကိုရီးယား TV Variety Program သမိုင်းမှာ သက်တမ်းအကြာဆုံး အစီအစဉ်တစ်ခုအဖြစ် စံချိန်တင်တော့မှာဖြစ်ပါတယ်။

အရင်တုန်းက ကိုရီးယား TV Variety Pragram တွေအနက် သက်တမ်းအကြာဆုံး အစီအစဉ်အဖြစ် စံချိန်တင်ထားတဲ့ အစီအစဉ်မှာ MBC ရဲ့ ‘Infinite Challenge’ ဖြစ်ပါတယ်။ MBC ရဲ့ ‘Infinite Challenge’ ဟာ 2006 ခုနှစ်က စတင်ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်အားလုံး နှစ်သက်ခဲ့တဲ့ “nation’s favorite variety” ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ဟာ 2018 ခုနှစ် ဧပြီလ အပိုင်း 563 နဲ့ အဆုံးသတ် ပြီး စံချိန်တင်ထားတာပါ။

အခုအခါ Running Man အစီအစဉ်ဟာ ဇူလိုင်လ 11 ရက်မှာ ပြသရင် အပိုင်း 563 ဖြစ်ပြီး MBC ရဲ့ ‘Infinite Challenge’ ရဲ့ စံချိန်ကို လိုက်မှီခဲ့ပြီဖြစ်သလို ဇူလိုင်လ 18 ရက်မှာ ပြသမယ့် အပိုင်းသစ် ထွက်ပြီးရင် စံချိန်သစ်ကို တင်တော့မှာဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page