– – – BTS ရဲ့ အနာဂတ်အကြောင်း ပြောကြတဲ့အခါ ARMY တွေရဲ့ မျက်ရည်စတွေဟာ သိပ်မြင်ဖို့ မလွယ်နိုင်တဲ့တစ်ထောင့်တစ်နေရာကနေ စီးဆင်းလာခဲ့ပါတယ်။
BTS ဆိုတာသာ မရှိခဲ့ရင် ARMY တွေ ဘယ်လိုဖြစ်တည်နေမလဲ။ BTS အဖွဲ့ မရှိတော့ရင်ဆိုတဲ့ စကားက ARMY တွေအတွက်တော့ ငရဲလိုဖြစ်ပြီး မကြားချင်ဆုံးစကားပဲ ဖြစ်မှာပါ။ BTS အဖွဲ့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ခင်ကြပြီး တကယ့်မိသားစုအရင်းတွေလိုပဲဆိုတာ ARMY တွေ အသိဆုံးဖြစ်မှာပါ။
တစ်ယောက် အားငယ်တဲ့အချိန်မှာ တစ်ယောက်က အားပေး၊ ပျော်ရွှင်စရာတွေကို အတူတူ မျှဝေခံစားလို့ ဒီအစုအဖွဲ့လေးဟာ နှစ်လိုဖွယ်ကောင်းခဲ့ပါတယ်။ BTS ရဲ့Documentary Series ဖြစ်တဲ့ Break The Silence ကို ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီမှာ BTS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အနာဂတ်အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့တာပါ။ Jin ပြောပြတဲ့ BTS အဖွဲ့ရဲ့ အနာဂတ် အကြောင်းက ARMY တွေရဲ့မျက်ရည်ကို ခိုးယူသွားခဲ့တာပဲ ဖြစ်ပါတယ်။
“အနာဂတ်မှာ ကျွန်တော်တို့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်ကြတဲ့အခါ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့နိုင်ဖို့ မျှော်လင့်တယ်။ မကြာခဏ အချိန်တွေ ကုန်ဆုံးရင်းနဲ့ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အခု အတူတူရှိနေတဲ့အခါ ပျော်ရွှင်နေရတယ်”
-Jin
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် BTS အဖွဲ့ဆိုတာ အမြဲတမ်း တစ်စိတ်တစ်ဝမ်းဆိုတာ ARMY တွေ အသိဆုံးပါပဲ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *