– – – သူတို့သာ Idol အဖြစ်ပွဲထွက်မယ်ဆိုရင် တစ်မျိုးတစ်ဖုံ အမြင်ဆန်းစေမှာဖြစ်ပြီး အလွန်ကျော်ကြားလိမ့်မယ်လို့ သတ်မှတ်ခံထားရတာပါ။
Choi Woo Shik
Choi Woo Shik ဟာ ကိုရီးယား-ကနေဒါ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Parasite ဇာတ်ကားနဲ့အတူ Choi Woo Shik ဟာလည်း ပရိသတ်တွေကြား ကျော်ကြားလာခဲ့တာပါ။ BTS အဖွဲ့ဝင် V နဲ့လည်း ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပါတယ်။
Kim Dong Wook
Kim Dong Wook ရဲ့ Visual ဖြစ်မှုက Idol အဖြစ်သာ ပွဲထွက်မယ်ဆိုရင် တော်တော်လေး ကျော်ကြားလိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ သူဟာ ကျောင်းသားဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပြီး Coffee Prince ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှု ရခဲ့သူပါ။
Kim Min Seok
Descendants of the Sun, The Doctors, Innocent Defendant စတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲတွေနဲ့ လူသိများလာတဲ့ Kim Min Seok တစ်ယောက် Idol အဖြစ်သာ ပွဲထွက်မယ်ဆိုရင် သေချာပေါက် အောင်မြင်နိုင်မှာပါ။
Yoon Si Yoon
နာမည်ကျော်မင်းသား Yoon Si Yoon ဟာလည်း ဇာတ်လမ်းတွဲတွေနဲ့ အသားကျနေပေမယ့် Idol အဖြစ်သာ ပွဲထွက်မယ်ဆိုရင်လည်း သူနဲ့ လိုက်ဖက်မှုရှိမှာလို့ ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *