K pop

■ Trainee တုန်းက Jihyo ကိုကြည့်ပြီး ငိုခဲ့ရတယ်လို့ဆိုတဲ့ Wonder Girl အဖွဲ့ဝင်ဟောင်း

—- Wonder Girl အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Hyelim က JYP Entertainment မှာ Trainee စလုပ်တဲ့ ပထမဆုံးရက်မှာ TWICE အဖွဲ့ခေါင်းဆောင် Jihyo က သူမကို ငိုအောင်ပြုလုပ်နိုင်ခဲ့တယ် လို့ ပြောခဲ့ပါတယ်။

KBS’ television show ‘On Dream School’ အစီအ စဉ်မှာ Hyelim ဟာ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပြီး အဲဒီမှာ သူမရဲ့ Trainee ဘဝတုန်းက အမှတ်တရ နေ့ရက်တွေကို ပြန်ပြောင်းပြောခဲ့တာဖြစ်ပါတယ်။

Hyelim က “ ကျွန်မဟာ ငယ်ငယ်ကတည်းက သီချင်းဆိုတာ ကတာကို နှစ်သက်ခဲ့သူဖြစ်ပါတယ်။ ကျောင်းကနေပြန်လာတာနဲ့ မှန်ရှေ့မှာ သီချင်းဆိုတယ်၊ ကတယ်၊ အဲ့သလိုရူးသွပ်ခဲ့တာပါ။ တစ်နေ့ K-pop Star ဖြစ်မယ်လို့လည်း အိပ်မက်မက်ခဲ့ပါတယ်။

ဟောင်ကောင်မှာ JYP က Audition လုပ်မယ်လို့ကြားတော့ ‘ငါဝင်ဖြေမယ်။ ဒါ့ငါ့အတွက်အခွင့်အရေး’ ပဲဆိုပြီး ဝင်ပြိုင်ခဲ့ပါတယ်။ နောက်တော့ Audition အောင်ခဲ့ပြီး JYP မှာ Trainee စဆင်းဖို့ ကိုရီးယားကို သွားခဲ့ပါတယ်။ JYP မှာ Training ဆင်းဖို့ ပထမဆုံးနေ့မှာ အခြား Trainee အများအပြားကို ကျွန်မ တွေ့ခဲ့ရပါတယ်။

သူတို့တွေဟာ ကျွန်မထက် သီချင်းဆိုတာ ပိုကောင်းရုံတင်မက အကတွေမှာလည်း ဆရာတွေပါပဲ။ နောက်ပြီးတော့ ကျွန်မထက်လည်း ပိုလှကြတဲ့သူတွေချည်းပါပဲ။ အဲဒီမှာ Jihyo ကို ကျွန်မတွေ့ပါ တယ်။ သူမဟာ အရမ်းကိုလှတာပါ။ Jihyo ကိုတွေ့ပြီး ကျွန်မရဲ့ ယုံကြည်မှုတွေ အောက်ပြုတ်ကျကုန် ပါတယ်။ မှတ်မှတ်ရရ Trainee ပထမဆုံးနေ့မှာ ကျွန်မ ငိုခဲ့ရပါတယ်။

ဟောင်ကောင်မှာတုန်းကတော့ ကိုယ့်ကိုယ်ကို သီချင်းအဆိုကောင်း၊ အကကောင်းပြီး လှတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ JYP ကိုရောက်တော့မှ ကိုယ့်ရဲ့အဖြစ်မှန်က ဘာလဲဆိုတာကို သိခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

Hyelim ဟာ JYP မှာ (၃)နှစ် လေ့ကျင့်ခန်းဆင်းပြီးနောက် Wonder Girl အဖွဲ့ဝင်အဖြစ် 2010 ခုနှစ် ဖေဖော်ဝါရီလမှာ Debut လုပ်နိုင်ခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page