K pop

■ အရှေ့တောင်အာရှက ဒေသလေးတစ်နေရာကို Lalisa လွမ်းနေတဲ့အခါ….

– – -အရှေ့တောင်အာရှ ဒေသလေးဆိုတာ Lalisa အမြတ်နိုးဆုံး၊ အချစ်ဆုံး နေရာလေးပဲ မဟုတ်လား။ အရှေ့တောင်အာရှ ဒေသတွင်းတစ်နေရာလေးကို ပြန်ပြီး ပြေးသွားချင်ခဲ့တာပါပဲ။

BLACKPINK အဖွဲ့ဝင် Lisa ဟာ အဆိုပြိုင်ပွဲ အစီအစဉ်ဖြစ်တဲ့Youth With You Season 2 မှာ အကဆရာအဖြစ် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အဲဒီမှာ Lisa ဟာ သူမရဲ့ဘဝအတွေ့အကြုံတွေကို သင်တန်းသားတွေကို အကောင်းဆုံး မျှဝေပေးနေခဲ့တာပါ။

နောက်ဆုံး ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာတော့ Lisa ဟာ သူမအနေနဲ့ မွေးရပ်မြေထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို ပထမဆုံး ရောက်ရှိလာပုံကို ဖွင့်ဟသွားခဲ့ပါတယ်။ အဲဒီတုန်းက Lisa ရဲ့ အသက်ဟာ ငယ်ရွယ်လွန်းသေးပြီး ကလေးပီပီ ကမ္ဘာကျော်ကေပေါ့စတားကြီးတစ်ယောက်ဖြစ်ဖို့ စိက်ကူးအိပ်မက်ခဲ့တာပေါ့။

ဘာမှ မလုပ်သေးခင် အချိန်မှာ စိတ်ကူးအိပ်မက်ဆိုတာ ပျော်ရွှင်စရာအကောင်းဆုံးပဲမလား။ ထိုင်းကနေ တောင်ကိုရီးယားကို ပျံသန်းသွားနေတဲ့ လေယာဉ်ကြီးပေါ်မှာ Lisa ရဲ့ စိတ်ကူးထဲမှာ သူမကိုယ်သူမ အမြင့်ဆုံး ရွက်လွှင့်လို့။

ဒါပေမဲ့ လက်တွေ့ K-pop Idol တစ်ယောက်ဖြစ်ဖို့ သင်တန်းသူဘဝကတည်းက လုံးဝခက်ခဲမှန်း Lisa တစ်ယောက် သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ Lisa ခံစားရတာကတော့ အိမ်လွမ်းဒဏ်ပါပဲ။ အရှေ့တောင်အာရှ ဒေသတွင်းတစ်နေရာလေးကို ပြန်ပြီး ပြေးသွားချင်ခဲ့တာပါပဲ။

“စစချင်းတုန်းကတော့ ကျွန်မက အရမ်းငယ်သေးတယ်။ ဒါက အိမ်ကနေထွက်ပြီး ပထမဆုံးသွားရတဲ့ ခရီးလည်းဖြစ်တယ်။ အဲဒီတုန်းကတော့ ခံစားချက်က သစ်လွင်ပြီး မိုက်နေခဲ့တာပေါ့။ ဒါပေမဲ့ တကယ်လက်တွေကျတော့ လုံးဝခက်ခဲခဲ့တယ်။ အဲဒီနောက် မိဘတွေကို ဖုန်းခေါ်တော့တာပဲ။ တချို့အချိန်တွေဆို တခြားသူရဲ့ ထောက်ပံ့မှုကို လိုအပ်တယ်လို့ ကျွန်မထင်တယ်။ ပထမဆုံး (၃) လလောက်က အမေ့ကို ခဏခဏ ဖုန်းခေါ်ပြီး ငိုခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ အေးဆေးဖြစ်လာခဲ့တယ်။ ကျွန်မ လျင်လျင်မြန်မြန် အထိုင်ကျအောင် လုပ်နိုင်ခဲ့တယ်”
-Lisa

-အရှေ့တောင်အာရှ ဒေသလေးဆိုတာ Lalisa အမြတ်နိုးဆုံး၊ အချစ်ဆုံး နေရာလေးပဲ မဟုတ်လား။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page