Celebrity

■ BTS ရဲ့ သီချင်းတွေကို နားထောင်ပြီး အားဖြစ်ပါတယ်ဆိုတဲ့ နာမည်ကျော် စပါးကစားသမား Son Heung Min

—- အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ကိုရီးယားဂုဏ်ဆောင်နာမည်ကျော်ကစားသမား Son Heung Min က သူဟာ BTS ရဲ့ အမာခံပရိသတ်ဖြစ်ပြီး BTS က နိုင်ငံခြားမှာ အဆင်ပြေနိုင် အောင် ဘယ်လိုကူညီပေးနိုင်ခဲ့သလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

လက်ရှိတောင်ကိုရီးနိုင်ငံဂုဏ်ဆောင် ရတနာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ နာမည်ကျော် ဘော လုံးကစားသမား Son Heung Min ဟာ ထုတ်ကုန်ကုမ္ပဏီတစ်ခုနဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲ့ဒီမှာ K-pop သီချင်းတွေကို အမြဲတမ်းနားထောင်ဖြစ်ပြီး အထူးသဖြင့် BTS သီချင်းတွေကို ကြိုက်ပါတယ်လို့ ဆိုခဲ့ပါတယ်။

အင်တာဗျူးအတွင်းမှာ အင်တာဗျူးသူက Son Heung Min ကို “ မင်း K-pop သီချင်းတွေကို နား ထောင်ဖြစ်သလား” လို့ မေးမြန်းခဲ့တာပါ။

Son Heung Min က “ ဒါပေါ့ ကိုရီးယားနိုင်ငံသားတစ်ယောက်အနေနဲ့ BTS သီချင်းတော့ နားထောင် ဖြစ်တာပေါ့…မဟုတ်ဘူးလား။ ကျွန်တော် ဆိုချင်တာက အခြား K-pop Group သီချင်းတွေလည်း နား ထောင်ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ် အနှစ်သက်ဆုံးကတော့ BTS သီချင်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါ တယ်။

Son Heung Min က BTS ဟာ အင်္ဂလန်မှာအကောင်းဆုံးအနေအထားဖြစ်အောင် ကူညီပေးနိုင် တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

Son Heung Min က “ BTS ဟာ UK မှာ တောင်ကိုရီးယားရဲ့ ဂုဏ်ကို ပိုပြီး ထင်ပေါ်ကျော်ကြား အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ တကယ့်ကို အဲဒီအတွက် သူတို့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ နိုင်ငံ ခြားမှာနေတာ မလွယ်ပါဘူး။ တစ်ခါတစ်ရံမှာ အလွန်ခက်ခဲပါတယ်။ ကျွန်တော်လည်း အခုအချိန်အထိ အခက်အခဲတွေရှိနေတုန်းပါပဲ။ ဒါပေမဲ့ BTS ဟာ တောင်ကိုရီးယားပြင်ပမှာ အဆင်ပြေပြေနေနိုင် အောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ခဲ့ပါတယ်။ တကယ် ကျွန်တော်ဟာ သူတို့ရဲ့ အမာခံ ပရိသတ်ပါ” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page