K pop

■ ညီမဖြစ်သူနဲ့ ဒိတ်ရင် Nichkhun ကြည်ဖြူတဲ့ 2PM အဖွဲ့ဝင်

—- ညီမနဲ့ ဒိတ်ရင်တောင် ဒီ 2PM အဖွဲ့ဝင်ကို Nichkhun က ကြည်ဖြူပါသတဲ့…ဘယ်သူလို့ ထင်ပါသလဲ…

JTBC ရဲ့ television show ‘Knowing Brothers’ အစီအစဉ်မှာ 2PM အဖွဲ့ဟာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့တာ ပရိသတ်တွေအားလုံးသိပါတယ်။ အဲဒီမှာ Nichkhun ဟာ ညီမဖြစ်သူနဲ့ ဒိတ်ရင် ကြည်ဖြူ ပါတယ်ဆိုတဲ့ 2PM အဖွဲ့ဝင်တစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ Talk Show မှာ 2PM အဖွဲ့ဝင်တွေဟာ ကိုရီးယားစရောက်ကတည်းက အခုအချိန်အ ထိ သူ့ကို အရမ်းစဉ်းစားဂရုစိုက်ပေးတယ်လို့ ပြောပါတယ်။

“ ကျွန်တော် ကိုရီးယားမှာ နေတာနှစ်ပေါင်းများစွာကြပါပြီ။ ဒါပေမဲ့ အခုအချိန်အထိ သူတို့ (2PMအဖွဲ့ ဝင်) တွေဟာ ကျွန်တော် ကိုရီးယားကို စရောက်တုန်းကလိုမျိုးပဲ စဉ်းစားပေးပြီး ဂရုစိုက်နေတုန်းပါ။ အ ရာတစ်ခုခုက ကျွန်တော့်အတွက်အသစ်ဖြစ်နေရင် အကောင်းဆုံးရှင်းပြပါတယ်။ ပြီးရင် ဝန်ထမ်းတွေနဲ့ အဆင်ပြေသလား…ဒီလိုမျိုးတွေပြောပြီး ဂရုစိုက်ကြပါတယ်” လို့ Nichkhun က ဆိုခဲ့ပါတယ်။

အဲဒီအခါမှာ Host ဖြစ်သူတစ်ဦးဖြစ်တဲ့ Kang Ho Dong က Nichkhun ကို “ ဒီအနေအထားမှာ သူတို့ ထဲက တစ်ဦးက မင်း ညီမနဲ့ ဒိတ်နေရင် အဆင်ပြေမလား” လို့ မေးခဲ့ပါတယ်။

Nichkhun က “ ကျွန်တော့်ညီမ…နိုး..ဒါမျိုးဖြစ်လာမှာမဟုတ်ပါဘူး။ ရယ်ရွယ်ချက်တစ်ခုအတွက် သူ တို့ကို ကျွန်တော့်ညီမနဲ့ မိတ်ဆက်ပေးမှာမဟုတ်ပါဘူး။ ဒါမျိုး ကျွန်တော် ဘယ်တော့မှမတွေးဘူး” လို့ ဖြေခဲ့ပါတယ်။

Host တွေက “ မဟုတ်ဘူး… တကယ်လို့ မင်းညီမသာ ဒိတ်လုပ်ခဲ့ရင် ကြည်ဖြူတဲ့ အဖွဲ့ဝင်တစ်ဦးကို ရွေးပေးပါ” လို့ ဆိုတဲ့အခါ Nichkhun က Chansung ကို ရွေးခဲ့ပါတယ်။

“ ကျွန်တော် Chansung ကို စသိကတည်းက သူဟာ ဘယ်တော့မှ လိမ်ညာခြင်းမရှိပါဘူး။ နောက်ပြီး သူဟာ ဘယ်တော့မှာ ဒေါသထွက်နေရင်တောင် အော်ငိုက်တတ်တဲ့လူစားမျိုးမဟုတ်ပါဘူး။ အမြဲတမ်း ပြေရာပြေကြောင်းပြောတတ်သူပါ။ နောက်ပြီးတော့ Chansung က ဟင်းလည်း အချက်ကျွမ်းပါတယ်။ တော်တော်လေး ကျွမ်းကျင်တာပါ” လို့ Nichkhun က ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page