K pop

■ D.O. ရဲ့ Solo Album နဲ့ ပတ်သက်ပြီး မျှတစွာ ဆက်ဆံပေးဖို့ SM ကို EXO-L တွေေ တာင်းဆို

– – -ဇူလိုင်လကုန်ဖို့ ရက် (၂၀) လောက်ကုန်တော့မဲ့အချိန်မှာ D.O. ရဲ့ Solo Album နဲ့ပတ်သက်ပြီး…

ဇွန်လ (၃၀) ရက်နေ့မှာတော့ EXO အဖွဲ့ဝင် D.O. ရဲ့ ပထမဆုံး Solo Album ကို ထွက်ရှိတော့မယ်ဆိုပြီး SM က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး EXO-L တွေအားလုံး စိတ်လှုပ်ရှားခဲ့ကြတာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ EXO-L တွေရဲ့ စိတ်လှုပ်ရှားက ကွယ်ပျောက်လာတာ တွေ့ရပါတယ်။

အကြောင်းကတော့ ဇူလိုင်လကုန်ဆုံးဖု့ိ ရက် (၂၀) လောက်ပဲ ကြာတော့တဲ့အချိန်မှာ D.O. ရဲ့ Album သစ်နဲ့ ပတ်သက်လို့ အချက်အလက်တွေ ဘာမှ တိတိကျကျ သိရခြင်းမရှိသေးဘဲ Teaser ပုံတစ်ပုံလောက်နဲ့ မြင်တွေ့ထားခဲ့ရတာပါ။

ဒါ့အပြင် D.O. ကိုယ်တိုင်ကလည်း Bubble မှာ Album သစ်နဲ့ ပတ်သက်ပြီး သိပ်မျှော်လင့်မထားဖို့ ပြောကြားခဲ့ရာမှာတော့ EXO-L တွေက SMကို စိတ်ပျက်ခဲ့ကြပါတယ်။ ဒါကြောင့် EXO-L တွေက D.O. ဟာ အခုထက်ပိုပြီး မျှမျှတတ ဆက်ဆံခံရဖို့ ထိုက်တန်ကြောင်း၊ SM လောက် အနုပညာရှင်ကို ဂရုမစိုက်တဲ့ အေဂျင်စီမျိုး မတွေ့ဖူးကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page