– – -JYP Entertainment ဟာ သူတို့ရဲ့ ပရောဂျက်အသစ်ကို ကြေညာခဲ့ရာမှာ…
JYP Entertainment ဟာ သူတို့ရဲ့ ပရောဂျက်အသစ် JYPn ကိုကြေညာခဲ့ပါတယ်။
JYPE ဟာ (၂) ရက်တာ ပြုလုပ်မဲ့ ပရောဂျက်အသစ်ကို ကြေညာခဲ့ရာမှာတော့ ပရိသတ်တွေက ဒီ Teaser နဲ့ ပတ်သက်ပြီး ဝေခွဲရခက်ခဲ့ပါတယ်။ JYPn ပရောဂျက်သစ်မှာ ၂၀၂၂ ခုနှစ်အတွင်းအမျိုးသမီးအဖွဲ့သစ်ကို ပွဲထုတ်သွားမဲ့ အစီအစဉ်ပါဝင်ပါတယ်။
ဒီပရောဂျက်ကို ကုမ္ပဏီရဲ့ ပထမဆုံးအမျိုးသမီးဒါရိုက်တာ Lee Ji Young အဖွဲ့က ဦးဆောင်သွားမှာဖြစ်ပြီး ဒီအဖွဲ့ဟာ JYPရဲ့နာမည်ကျော်တွေဖြစ်တဲ့ Sunmi, 2PM‘s Nichkhun, TWICE‘s Sana, Jeongyeon, Jihyo နဲ့ Tzuyu, DAY6‘s Young K, GOT7‘s Mark, Jackson, and Yugyeom နဲ့ Stray Kids’ Felix တို့ကို လေ့ကျင့်ပေးခဲ့ကြတာပါ။
BLIND PACKAGE GRAND POSTER 🏆
JULY 16, 2021
GRAND OPENINGLIMITED & EXCLUSIVE
#JYPn#BLIND_PACKAGE#GRAB_YOUR_FUTURE pic.twitter.com/Iv6RI0liCz— JYPn (@JYPn_official) July 8, 2021
ဒါ့အပြင် JYP ဟာ အမျိုးသမီးအဖွဲ့သစ်ရဲ့ ပွဲထွက်သီချင်းရဲ့ limited edition version ဖြစ်လာမဲ့ Blind Package ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ imited-edition CD, photobook, photocard, poster, polaroid စသဖြင့် ပါဝင်သွားမှာပါ။
–Ref: Koreaboo