K pop

■ Permission To Dance ကိုကြည့်ပြီး High School Musical ကို ARMY တွေ အမှတ်ရ

– – -BTS အဖွဲ့ရဲ့ အသစ်ထွက်ရှိတဲ့ Permission To Dance ကိုကြည့်ပြီး ARMY တွေအနေနဲ့…

BTS ဟာ သူတို့ရဲ့ နောက်ဆုံးထွက် MV ဖြစ်တဲ့ Permission To Dance ကို ထုတ်ဝေခဲ့တာပါ။ ဒီသီချင်းကို Ed Sheeran, Steve Mac, Johnny McDaid နဲ့ Jenna Andrews တို့က Produce ထုတ်ပေးထားပြီး Dynamite နဲ့ Butter တို့လိုပဲ မြူးကြွပြီး အကသီချင်းမျိုးပါ။

ဒီသီချင်းလေးဟာ တကယ့်ကို ချစ်စရာကောင်းပြီး လန်းဆန်းတဲ့ အားအင်တွေကိုရရှိကာ အလွန်ပျော်စရာကောင်းတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီသီချင်း ထုတ်ဝေပြီးမကြာခင်မှာပဲ ARMY တွေက Permisson To Dance ကိုကြည့်ပြီး High School Musical ကို သတိရမိတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

High School Musical ဟာ Disney ရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်ပြီး Musical အမျိုးအစားဖြစ်ပါတယ်။ အထူးသဖြင့် အဝတ်လျှော်ဆိုင်ထဲက Jungkook ရဲ့ အခန်းဟာ musical vibes ကိုပိုခံစားရပြီး လုံးဝအမိုက်စားလို့ ချီးကျူးခံခဲ့ရပါတယ်။

ပရိသတ်တွေကတော့ Permission To Dance ကိုကြည့်ပြီး သဘောအကျကြီးဖြစ်နေကျကာ အပေါင်းလက္ခဏာဆန်တဲ့ မှတ်ချက်ပေါင်းများစွာကို တွေ့ရှိခဲ့ရပါတယ်။

-Ref: Koreaboo

You cannot copy content of this page