– – -Soyeon ဟာ Produce 101 ကို Unpretty Rapstar အစီအစဉ်နဲ့ နှိုင်းယှဉ်ခဲ့ကာ…
(G)I-DLE အဖွဲ့ဝင် Soyeon ဟာ တလောတုန်းက BEAM BEAM သီချင်းနဲ့အတူ Solo Comeback ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
kizzle နဲ့ အင်တာဗျူး အစီအစဉ်မှာ Soyeon ဟာ Comeback အကြောင်း၊ ကလေးဘဝတုန်းက ballet ပြုလုပ်ခဲ့တဲ့အကြောင်းတွေကို ဖွင်ဟခဲ့ပါတယ်။ အဲဒီမှာ Soyeon ဟာ သူမဖြတ်သန်းခဲ့ရတဲ့ အစီအစဉ်တွေအကြောင်းလည်း ဖွင့်ဟခဲ့တာပါ။
Soyeon ဟာ ၂၀၁၆ ခုနှစ်တုန်းက Produce 101 အစီအစဉ်မှာ ပါဝင်ခဲ့ဖူးပြီး အစီအစဉ်ရဲ့ အကောင်းဆုံး Rapper တွေထဲကတစ်ယောက်အဖြစ် သတ်မှတ်ခံထားခဲ့ရသူပါ။ အဲဒီမှာ Soeyon ဟာ အဆင့် ၂၀ သာရခဲ့ပြီး ပွဲထွက်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
Produce 101 အစီအစဉ်နဲ့ ပတ်သက်ပြီး Soyeon က “မင်း Produce 101 ကိုသိလား။ အဲဒီအစီအစဉ်မှာ ကျွန်မ ပါခဲ့တာ။ ပန်းရောင်ကျောင်းယူနီဖောင်းလေးဝတ်ပြီး အဲဒီတုန်းက ဘာတွေလုပ်ခဲ့မိမှန်းမသိပါဘူး။ ကျွန်မက သီချင်းလုပ်ချင်တာလေ။ ဒါပေမဲ့အဲဒီမှာ သူတို့ တစ်ခုခုလုပ်ဖို့ပြောတယ်။ အဆိုတော်ဆိုတာ ဘယ်လိုမျိုးလဲတောင် တွေးမိသေးတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
ဆက်လက်ပြီး Soyeon က Unpretty Rapstar အစီအစဉ်ကတာ့ ထူးခြားကြောင်း၊ အဲဒီအစီအစဉ်မှာ ဝင်ပြိုင်တော့မှ သူမရဲ့ Rap စကေးတွေ ပိုမိုကောင်းမွန်ခဲ့ပြီး ပျော်ရွှင်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
-Ref: Koreaboo