K pop

■ ပရိသတ်တွေက သူ့သီချင်းကို လိုက်ဆိုတိုင်း IU မျက်ရည်ကျမိတာ ဒါကြောင့်ပါတဲ့

– – -UAENA တွေနဲ့ ပတ်သက်ပြီး IU ရဲ့ သဘောထားကတော့ တကယ့်ကို ချစ်စရာကောင်းတယ်လို့ ဆိုရမှာပါ။

IU ဆိုတာ သူမရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ UAENA တွေကို အလွန်ချစ်ခင်သူဖြစ်ပြီး UAENA တွေက သူမအတွက် အရာရာလို့ သတ်မှတ်ခံယူထားသူဆိုရင်လည်း မမှားပါဘူး။

IU ဟာ ဘယ်ကိစ္စမဆို သူမရဲ့ ခံစားချက်တွေကို ပရိသတ်တွေထံ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူပါ။ အခုလအတွင်းကလည်း IU ဟာ ပရိသတ်တချိုကို ဖိတ်ခေါ်ပြီးEight သီချင်းကို နားထောင်စေကာ သူတို့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းခဲ့တာပါ။

အင်တာဗျူးတစ်ခုမှာ UAENA တွေနဲ့ ပတ်သက်ပြီး IU ရဲ့ ဖွင့်ဟချက်တစ်ခုကလည်း ချစ်စရာကောင်းခဲ့တာပါ။ ဖျော်ဖြေပွဲတွေမှာ သူမရဲ့ Heart သီချင်းကို ပရိသတ်တွေ လိုက်ဆိုတိုင်းမှာ မျက်ရည်ကျမိတယ်လို့ IU က ဖွင့်ဟသွားခဲ့ပါတယ်။

“ကျွန်မရဲ့ အစင်ကြယ်ဆုံးနဲ့ အပြစ်အကင်းဆုံးအချိန်မှာ Heart သီချင်းကို ရေးခဲ့တာပါ။ ဒါကြောင့် ဒီသီချင်းကို ကြားတိုင်း ကျွန်မ ကောင်းတယ်လို့ ခံစားရတယ်။ နောက်ပြီး ပရိသတ်တွေက ဒီသီချင်းကို လိုက်ဆိုရင်လည်း တစ်သံတည်းပါပဲ”
-IU

ဆက်လက်ပြီး IU က သူမအနေနဲ့ ရင့်ကျက့်တဲ့လူတစ်ယောက်အနေနဲ့ရော၊ အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ကြီးပျင်းလာတဲ့နေရာမှာ UAENA တွေက အလွန်အရေးပါခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page