— ဇူလိုင်လအတွက် Boy Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ…
ဇူလိုင်လအတွက် Boy Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ပုံမှန်ထိပ်ဆုံးကပဲ ဦးဆောင်နေကြဖြစ်တဲ့ BTS အဖွဲ့က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (14,995,148) ရရှိခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဒီ Ranking ရဲ့ ထိပ်ဆုံးမှာ 38 လ ဆက်တိုက် ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
BTS ရဲ့ နောက် နံပါတ် 2 နေရာမှာတော့ SEVENTEEN အဖွဲ့က ရပ်တည်နေပြီး Reputation Index (4,220,613ရရှိခဲ့ပါတယ်။ နံပါတ် 3 မှာတော့ မကြာသေးခင်က Comeback လာထားတဲ့ 2PM အဖွဲ့ က Reputation Index (3,557,369) ရရှိခဲ့တာပါ။
Korean Business Research Institute ဟာ ဇွန်လ 10 ရက်နေ့ကနေ ဇူလိုင်လ 10 ရက်နေ့အထိ Boy Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော် ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
ဇူလိုင်လအတွက် Boy Group Brand Reputation Rankings (30) Group စာရင်း
1# BTS ၊ 2# SEVENTEEN ၊ 3# 2PM ၊ 4# EXO ၊ 5# NCT ၊ 6# SF9 ၊ 7# Stray Kids ၊ 8# MONSTA X ၊ 9# SHINee ၊ 10# TXT
11# ASTRO ၊ 12# THE BOYZ ၊ 13# BTOB ၊ 14# Super Junior ၊ 15# Highlight ၊ 16# INFINITE ၊ 17# NU’EST ၊ 18# VIXX ၊ 19# ATEEZ ၊ 20# WINNER
21# ONF ၊ 22# ENHYPEN ၊ 23# TREASURE ၊ 24# GOT7 ၊ 25# TVXQ ၊ 26# Block B ၊ 27# PENTAGON ၊ 28# Golden Child ၊ 29# 2AM ၊ 30# FTISLAND
-m2t
Ref: Soompi