—- MONSTA X အဖွဲ့ဝင်တစ်ဦးဟာ နှစ်ပတ်အတွင်း စစ်မှုတာဝန်ထမ်းဆောင်တော့မယ်လို့ တရားဝင် ကြေညာခဲ့ပါပြီ…
အဆိုပါ MONSTA X အဖွဲ့ဝင်ကတော့ Shownu ဖြစ်ပါတယ်။ Shownu ဟာ ဇူလိုင်လ 22 ရက်နေ့မှာ စစ်မှုတာဝန်စတင်ထမ်းဆောင်တော့မယ်လို့ ကြေညာခဲ့တာပါ။ Shownu ဟာ သူ့ရဲ့ချစ်ပရိသတ်တွေ ဖြစ်တဲ့ MONBEBE တွေထံ MONSTA X’s fancafe ပေါ်မှာ စာရေးပြီး အသိပေးခဲ့တာဖြစ်ပါတယ်။
“ Hello … အားလုံး နေကောင်းကျန်းမာကြရဲ့လား…ဟိဟိ… ကျွန်တော်တို့ MONSTA X အဖွဲ့ဝင် Shownu ပါ။
ဇူလိုင်လ 22 ရက်နေ့က စတင်ပြီး နိုင်ငံတာဝန်ထမ်းဆောင်ဖို့ ကျွန်တော်တို့ ခဏတဖြုတ်အနုပညာက နေအနားယူပါတော့မယ်။ Debut လုပ်ပြီးကတည်းက အခုအချိန်အထိ ကျွန်တော် အလုပ်ကြိုးစားခဲ့ပြီး ပျော်ရွှင်မှုရော ပင်ပန်းမှုတွေရောရှိခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ပရိသတ်တွေဆီကနေ ချစ်ခင်မှု ရော အားပေးမှုရော ကျွန်တော် ရရှိခဲ့ပါတယ်။ ကျွန်တော်ကို MONSTA X နဲ့ အတွေ့အကြုံတွေအများ ကြီးရစေခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
ပရိသတ်တွေရဲ့ အချစ်တွေကို ကျွန်တော်ပြန်ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ MONSTA X နဲ့ ကျွန်တော်ဟာ ရှေ့ဆက်ပြီး အကောင်းဆုံး ရှင်သန်သွားမှာဖြစ်ပါတယ်။ နေ့သစ်တွေဟာ အမြဲတမ်း အသစ်တွေဖြစ်တယ်ဆိုတာ နားလည်စေခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကျွန် တော်ရွေးချယ်တဲ့ လမ်းကြောင်းဟာ အရင်က ရွေးချယ်ခဲ့ကြတဲ့ လမ်းောကာင်းထက် ပိုဆိုးရွားသွားနိုင် ပါတယ်။
ပိုပြီးတော့လည်း ကောင်းရင်ကောင်းသွားနိုင်တယ်။ ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိနိုင်ပါဘူး။ ချီးကျူးခံရတယ်၊ အချစ်ခံရတယ်၊ ဝမ်းနည်းမှုတွေရရှိခဲ့တယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခု ရရှိနေတဲ့ ကျွန်တော့်ဘဝဟာ ပျော်ရွှင်နေရတယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဘဝအကြောင်းကိုပြော ဖို့လည်း စိတ်လှုပ်ရှားခဲ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်သလို ပျော်ရွှင်ကျန်းမာကြပါစေ။ စာကတော့ ဆုံးပါပြီ ကျွန်တော့် စတိုင်ပေါ့။ ပရိသတ်တွေအားလုံးကို ချစ်ပါတယ်။ မကြာခင်ပြန်လာမှာပါ..ဟီး…ဟီး…”
– Shownu
-m2t
Ref: Koreaboo