Cele

■ Lisa ရဲ့ အစွန်းရောက် အရှေ့တောင်အာရှပရိသတ်တချို့က တခြား BLACKPINK အဖွဲ့ဝင်များ တိုက်ခိုက်

— – – Lisa ရဲ့အစွန်းရောက် ASEAN Fan တချို့ဟာ BP အဖွဲ့ဝင်တွေကို ရစရာမရှိအောင်ဆဲဆို …

K-Pop မှာ Anti-fan တွေထက် ပိုပြီးကြောက်စရာကောင်းတာက Solo Stan ပါပဲ။ ဒီပြဿနာက ဒီဘက်နှစ်ပိုင်းမှာ ပိုဆိုးလာပြီး သီချင်းမှာ သီဆိုချိန်နည်းတာ၊ MV မှာ ပါဝင်ချိန်နည်းတာကအစ အကုန်လုံးကို တခြားအဖွဲ့ဝင်တွေ နှိုင်းယှဉ်ကာ ပြဿနာ ရှာတော့တာပါပဲ။

IT မှာ နာမည်ကျော်တွေနဲ့ တိုက်ရိုက်ပတ်သက်ခွင့်ရနေတာကလည်း ပိုဆိုးစေပြီး Solo Stan တွေဟာ အခြားအဖွဲ့ဝင်တွေရဲ့ IG, Facebook, Twitter တို့လို အကောင့်တွေအောက်မှာ တိုက်ခိုက်ကြတာပါ။

ဒါက K-Pop အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေကို မသက်မသာဖြစ်စေရုံသာမက အဖွဲ့ဝင်တွေအကြား ဆက်ဆံရေးကိုတောင် ထိခိုက်သွားစေနိုင်တာမျိုးပါ။

အခုလည်း အရှေ့တောင်အာရှက Lisa ရဲ့ Fan တချို့က BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Jennie နဲ့ Rose တို့ရဲ့ Post တွေမှာ ခပ်ရိုင်းရိုင်းဆဲထားတာကို အပေါ်က ပုံတွေမှာ မြင်တွေ့ရမှာပါ။

အဲဒီ Screenshot တွေဟာ လက်ရှိ ကိုရီးယား online community မှာ ပျံ့နှံ့နေပြီး ငခုံးမတစ်ကောင်ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေက ပရိသတ်တွေ အလကားနေရင်း နိုင်ငံတကာမှာ အထင်အမြင်သေးခြင်း ခံရတော့မှာ ဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page