K pop

■ JYP Entertainment က ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့ ပါဝင်လာနိုင်တဲ့ သင်တန်းသူ (၆)ဦး

— – – ၂၀၂၂ မှာ ပွဲထုတ်မယ့် JYP ရဲ့ အမျိုးသမီးအဖွဲ့သစ်မှာ ပါဝင်မယ့်သူတွေကတော့ …

JYP Entertainment ဟာ ITZY အဖွဲ့ကို ပွဲထုတ်ပြီး (၃)နှစ်အကြာဖြစ်တဲ့ ၂၀၂၂ မှာတော့ အမျိုးသမီးအဖွဲ့သစ် ပွဲထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့သစ်မှာ ပါဝင်လာနိုင်သူတွေကတော့ …

Lily


အမည်ရင်းက Lily Jin Morrow ဖြစ်ပြီး Lily M လို့ လူသိများပါတယ်။ အသက် (၁၈)နှစ်သာ ရှိသေးပြီး ကိုရီးယား-သြစတြေးလျကပြား ဖြစ်ပါတယ်။ K-POP STAR 4 ပါဝင်ရင်း နာမည်ရခဲ့ပြီး KBS‘s Orange Marmalade ဇာတ်လမ်းတွဲမှာ OST (၂)ပုဒ်တောင် သိဆိုထားသူပါ။

Yuna


ကိုရီးယား-ဂျပန်ကပြားဖြစ်ပြီး JYP သင်တန်းသူတွေထဲမှာ လူသိများပါတယ်။ အသက် (၁၇)နှစ်သာ ရှိသေးပြီး ပွဲထွက်မယ်ဆိုရင် Main or Lead Rapper ဖြစ်လာနိုင်သူလို့ သတ်မှတ်ကြပါတယ်။

Haewon


Oh Haewon က (၁၈)နှစ်သာ ရှိသေးပြီး ပွဲထွက်မယ့် အဖွဲ့ရဲ့ Visual နဲ့ Lead Vocalist ဖြစ်လာနိုင်ပါတယ်။ JYP Entertainment သင်တန်းသူတွေထဲမှာ အချစ်ခံရဆုံးသူဖြစ်တယ်လို့ သိရပြီး အသံကောင်းတယ်လို့ ပရိသတ်တွေက ဆိုပါတယ်။

Hayul


၂၀၀၃ မှာ မွေးခဲ့တဲ့ Lee Hayul ဟာ (၁၈)နှစ်ပဲ ရှိသေးပြီး JYP Entertainment’s last trainee showcase မှာတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ MC အဖြစ်ပဲ ဆောင်ရွက်ခဲ့ပါတယ်။ သူ့အကြောင်းကို သိပ်မသိရသေးလို့ ဘယ်လိုနေရာက ပွဲထွက်မယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး။

Yunjin


Choi Yunjin က JYP မှာ လေ့ကျင့်လာတာ (၆)နှစ်လောက်ရှိပါပြီ။ (၁၇)နှစ်အရွယ်သာ ရှိသေးပြီး ပွဲထွက်မယ့်အဖွဲ့မှာ မဖြစ်မနေ ပါဝင်လာမယ့်သူလို့ သုံးသပ်ကြပါတယ်။ ၂၀၁၉ က 2PM Nichkhun ရဲ့ “Lucky Charm” music video ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Gyujin


Jang Gyujin က JYP Entertainment’s last trainee showcase မှာ နာမည်ရလာသူဖြစ်ပြီး (၁၅)နှစ်ဝန်းကျင်လောက်ပဲ ရှိသေးတာပါ။ ITZY အဖွဲ့ဝင် Yuna လည်း အသက် (၁၅)နှစ်မှာ ပွဲထွက်ခဲ့လို့ Gyujin ဟာ အဖွဲ့သစ်မှာ ပါဝင်လာနိုင်ပါတယ်။

Ref: Koreaboo

You cannot copy content of this page