— – – လူအများရှေ့မှာ EXO အဖွဲ့ဝင် Kai ကိုယ်တိုင် အရမ်းလှပါတယ်လို့ ချီးကျူးခဲ့သူကတော့ …
EXO အဖွဲ့ဝင် Kai ဟာ Sixth Sense အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အဲဒီအစီအစဉ်က Main Cast တွေနဲ့အတူ သတ်မှတ်ထားတဲ့ ဂိမ်းစ်တွေကို ကစားခဲ့တာပါ။
Kai ဝင်လာချိန်မှာ Lovelyz အဖွဲ့ဝင် Mijoo ဟာ ရှိန်နေခဲ့ပြီး “Kai က စီနီယာဖြစ်တာကြောင့် သူ့ကို သက်သောင့်သက်သာ ဆက်ဆံဖို့ ခက်တယ်”လို့ ဝန်ခံခဲ့ပါတယ်။
အဲဒီမှာ Kai က “Mijoo နဲ့ အရင်အစီအစဉ်တစ်ခုမှာ တွေ့ခဲ့ဖူးပါတယ်။ ငါ ဘယ်နေလဲ”ဆိုပြီး ပြန်ပြောခဲ့တာပါ။
အဲဒီမေးခွန်းက Mijoo ကို ပိုရှိန်သွားစေခဲ့ပြီး ကြောက်ပုံပေါ်နေခဲ့တာကြောင့် Kai က “Mijoo က အရမ်းလှတယ်။ သူ့မှာ မထင်မှတ်တဲ့ ဆွဲဆောင်မှုတွေ ရှိတယ်”လို့ ချီးကျူးခဲ့တာပါ။
Kai ရဲ့ ချီးကျူးစကားကြောင့် Mijoo ပျော်သွားခဲ့သလို၊ ရှက်နေခဲ့တာကြောင့် Jessi က “စိတ်အေးအေးထားစမ်းပါ။ သူ နင့်ကို ချီးကျူးနေတာလေ”ဆိုပြီး စခဲ့တာကြောင့် အားလုံးပွဲကျခဲ့ကြပါတယ်။
Ref: AKP