— – – BTS ရဲ့ MV သစ်မှာ ပါဝင်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ကတော့ …
BTS အဖွဲ့ရဲ့ နောက်ဆုံးထုတ်သီချင်း Permission to Dance မှာ ပါဝင်ခဲ့တဲ့ ကောင်မလေး(၂)ယောက်နဲ့ ကောင်လေး (၁) ယောက်ကို ပရိသတ်တွေ အတော်လေး စိတ်ဝင်စားနေကြပါတယ်။
အဲဒီ MV မှာ ပါဝင်ခဲ့တဲ့ ကောင်လေးရဲ့ နာမည်ကတော့ Leo ဖြစ်ပြီး HYBE မှာ Trainee A အဖြစ် လူသိများသူ ဖြစ်ပါတယ်။
Permission to Dance MV မှာ Leo ဘေးနားက ရပ်နေတဲ့ အချောလေးကတော့ နှစ်ယောက်ကကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ HYBE က ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့မှာ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အဲဒီကောင်မလေးနှစ်ယောက်ဟာ ၂၀၁၉ မှာ HYBE LABELS က ပြုလုပ်ခဲ့တဲ့ Plus Global Audition video titled, “The Girl #1, The Girl #2” မှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာ သင်တန်းသူအဖြစ် လေ့ကျင့်နေတာပါ။
အဲဒီကောင်မလေးနှစ်ယောက်ရဲ့ အမည်ကို ထုတ်ဖော်ခြင်းမရှိပေမဲ့ သူတို့နှစ်ယောက်ဟာ Enhypen အဖွဲ့ရဲ့ Drunk-Dazed MV မှာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Ref: AKP