K pop

■ ဇူလိုင်လအတွက် Female Group Brand Reputation Rankings များ

— ဇူလိုင်လ Female Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….

ဇူလိုင်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။

ဇူလိုင်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာ ပြီးခဲ့တဲ့လက ထိပ်ဆုံးမှာပဲ ဦးဆောင်ခဲ့တဲ့ Rookie Girl Group aespa က ထပ်မံ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ aespa အဖွဲ့အနေနဲ့ Debut လုပ်ပြီး ဒုတိယအကြိမ် Female Group Brand Reputation Rankings (30) စာရင်းမှာ ဦးဆောင်နိုင်ခဲ့တာပါ။

Aespa အဖွဲ့ရဲ့နောက် နံပါတ် (၂) နေရာမှာလည်း ပြီးခဲ့တဲ့လကလို Brave Girl အဖွဲ့ကရပ်တည်နေပြီး နံပါတ် (3)မှာတော့ BLACKPINK အဖွဲ့က ရပ်တည်ခဲ့ပါတယ်။ နံပါတ် 4 နဲ့ 5 မှာတော့ TWICE နဲ့ Girls’ Generation အဖွဲ့တို့က အသီးသီးရပ်တည်ခဲ့ကြပါတယ်။

Korean Business Research Institute ဟာ ဇွန်လ 11 ရက်နေ့ကနေ ဇူလိုင်လ 11 ရက်နေ့အထိ Female Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ဇူလိုင်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်း

1# aespa ၊ 2# Brave Girls ၊ 3# BLACKPINK ၊ 4# TWICE ၊ 5# Girls’ Generation ၊ 6# Red Velvet ၊ 7# ITZY ၊ 8# Oh My Girl ၊ 9# APRIL ၊ 10# MAMAMOO

11# Lovelyz ၊ 12# After School ၊ 13# STAYC ၊ 14# Apink ၊ 15# LOONA ၊ 16# (G)I-DLE ၊ 17# LABOUM ၊ 18# fromis_9 ၊ 19# Weeekly ၊ 20# WJSN

21# woo!ah! ၊ 22# STELLAR ၊ 23# Girl’s Day ၊ 24# ELRIS ၊ 25# EXID ၊ 26# GWSN ၊ 27# PIXY ၊ 28# DIA ၊ 29# Dreamcatcher ၊ 30# cignature

-m2t
Ref: Soompi

You cannot copy content of this page