K pop

■ Kang Daniel ရဲ့ အေဂျင်စီနဲ့ အကျိုးတူပူးပေါင်းခဲ့တဲ့ CL

—- 2NE1 အဖွဲ့ဝင်ဟောင်း CL ဟာ Kang Daniel ရဲ့ One Man အေဂျင်စီ KONNECT Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ 10 ရက်နေ့က CL ဟာ သူမအနေနဲ့ လာမယ့် Album “ALPHA,” ပရိုမိုးရှင်းတွေအပါအဝင် တောင်ကိုရီးယားမှာ အနုပညာလှုပ်ရှားမှုတွေအတွက် အေဂျင်စီ KONNECT Entertainment နဲ့ အကျိုးတူပူပေါင်းခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

Kang Daniel ဟာ ပြီးခဲ့တဲ့ 2019 ခုနှစ်တုန်းက One Man အေဂျင်စီ KONNECT Entertainment ကို တည်ထောင်ခဲ့ပြီး Solo အနေနဲ့ Debut လုပ်ခဲ့တာဖြစ်ပါတယ်။ CL နဲ့ အကျိုးတူပူးပေါင်းမှုအပေါ်လည်း အေဂျင်စီ KONNECT Entertainment က အခုလို ထုတ်ပြန်ခဲ့ပါတယ်။

“ CL ရဲ့ ပြည်တွင်း အနုပညာလှုပ်ရှားမှုတွေအတွက် ကျွန်တော်တို့ အလုံးစုံတာဝန်ယူသွားမှာပါ။ ထိပ် တန်း အဆိုတော်တစ်ဦးအနေနဲ့ CL ကို ကျွန်တော်တို့ အပြည့်အဝထောက်ခံသွားမှာပါ။ ရှေ့ဆက်ပြီး CL နဲ့ အကောင်းဆုံးအနေအထားတစ်ခုဆီ ကျွန်တော်တို့ ရှေ့ဆက်သွားမှာဖြစ်ပါတယ်”

– အေဂျင်စီ KONNECT Entertainment

-m2t
Ref: Soompi

 

You cannot copy content of this page