K pop

■ Solo သီချင်းမထွက်ခင် Lisa ကို နားထောင်စေခဲ့တဲ့ Bam Bam

—- ငယ်စဉ်ကလေးဘဝကတည်းက အခုအထိ ခင်မင်ခဲ့ကြတဲ့ Bam Bam နဲ့ Lisa တို့ဟာ သူငယ်ချင်း သံယောဇဉ်ကို ပရိသတ်တွေ အမြဲတမ်းအားကျခဲ့ရတာပါ…

GOT7 အဖွဲ့ဝင် Bam Bam က သူ့ရဲ့ Solo သီချင်း ‘riBBon’ Official မထွက်ခင် သူငယ်ချင်းဖြစ်သူ BLACKPINK အဖွဲ့ဝင် Lisa ကို နားထောင်စေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Bam Bam ဟာ မကြာသေးခင်က SBS POWER FM’s radio show ‘Park So-hyun’s Love Game’ မှာ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပြီး အဲဒီမှာ ဖွင့်ဟခဲ့တာပါ။

Bam Bam က “ တကယ်တော့ ကျွန်တော်ဟာ Solo Track သီချင်း ‘riBBon’ Official မထွက်ခင် Lisa ကို အရင်နားထောင်စေခဲ့ပါတယ်။ သူမကတော့ ကျွန်တော့်ကို ကောင်းတယ်လို့ ပြန်ပြောခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။

Bam Bam ဟာ သူ့ရဲ့ ပထမဆုံး Solo Album ‘riBBon’ ကို ဇွန်လ 15 ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး သီချင်းနဲ့ပတ်သက်ပြီး Lisa ရဲ့ ဝေဖန်မှုကိုလည်း ပြောပြခဲ့ပါတယ်။

“ Lisa က ‘riBBon’ နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ‘riBBon’ သီချင်းဟာ နားဝင်ချိုပြီး မှတ်မိ လွယ်တဲ့ သီချင်းဖြစ်သလို စွဲလမ်းစိတ်ဝင်စားလွယ်တဲ့ သီချင်းလည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီ သီချင်းကိုနားထောင်ပြီး ‘Pandora’ ကိုနှစ်သက်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်” လို့ Bam Bam က ဆိုခဲ့ပါတယ်။

-m2t
Ref: SBSstar

 

You cannot copy content of this page