K pop

■ SM Entertainment မှာ Audition လုပ်ဖူးတဲ့ BTS အဖွဲ့ဝင်

— SM Entertainment သာ ရောက်သွားခဲ့ရင် ဒီ BTS အဖွဲ့ဝင်တစ်ဦးဟာ ယနေ့လို ကမ္ဘာကျော် ကောင်လေး 7 ဦးထဲမှာ ပါနိုင်ပါ့မလားဆိုတာ…

ပရိသတ်တွေကတော့ Jin ဟာ ကမ္ဘာကျော် BTSအဖွဲ့ရဲ့ အသက်ကြီးဆုံးအဖွဲ့ဝင်၊ Big Hit Entertainment က စင်တင်ထားတဲ့ ကမ္ဘာကျော် စတားတစ်ဦးဆိုတာကိုတော့ သိကြပါတယ်။ ဒါပေမဲ့ Jin ဟာ Big Hit Entertainment ကို မရောက်ခင် နာမည်ကြီး SM Entertainment ရဲ့ အေဂျင်စီမှာ Audion လုပ်ခဲ့ဖူးတာကိုတော့ သိပ်မသိကြပါဘူး။

အဆိုပါအကြောင်းကိုလည်း Jin က နောက်ပိုင်းကျမှ Audio အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ဖူးတာဖြစ်ပါ တယ်။ Jin ရဲ့ ပြောပုံအရ သူ အသက် 15 နှစ်အရွယ်လောက်တုန်းက SM Entertainment ကိုယ်စား လှယ်တစ်ဦးရဲ့ ကင်းထောက်လုပ်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အချိန်အတုန်းက SM Entertainment ဟာ နာမည်ကြီး အေဂျင်စီတစ်ခုဖြစ်ပြီး K-pop Star ဖြစ်ဖို့ အိပ်မက်မက်သူတိုင်း သွားချင်ကြတဲ့ အေဂျင်စီဖြစ်ပါတယ်။ Jin ဟာ SM Entertainment ရဲ့ ကင်းထောက်လုပ်မှုကို ခံခဲ့ရပြီး Audition သွားခဲ့တယ်လို့ အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။

Jin က “ တကယ်တော့ ကျွန်တော် SM Entertainment မှာ Audition တစ်ကြိမ်သွားလုပ်ခဲ့ဖူးပါ တယ်။ နောက်တစ်ကြိမ် သူတို့ဟာ ကျွန်တော့်ကို ပြန်ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ထပ်မသွားတော့ပါ” လို့ ပြောဆိုခဲ့ပါတယ်။

အင်တာဗျူးသူက Jin ကို “ မင်း ကြောက်သွားလို့လား” လို့ စတဲ့အခါမှာတော့ Jin က “ ဟုတ်တယ်” လို့ ဝန်ခံခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ RM ကလည်း “ မင်းသွားဖူးတာ ငါ ပထမဆုံးကြားဖူးတာပဲ။ တ ကယ်တော့ Jin ပြောဖူးတာကတော့ သူထွက်ပြေးခဲ့တယ်လို့ပါ” လို့ နောက်ပြောင်ခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page