K pop

■ BTS အဖွဲ့ထဲမှာ Cute အဖြစ်ဆုံး အဖွဲ့ဝင်

— ဒီ အဖွဲ့ဝင်ကို အဖွဲ့ဝင်တွေအားလုံးက Cute အဖြစ်ဆုံးလို့ လက်ခံကြ…

BTS အဖွဲ့ဝင်တွေထဲမှာ ဘယ်သူက Cute အဖြစ်ဆုံး အဖွဲ့ဝင်လို့ ထင်ပါသလဲ…

 

BTS အဖွဲ့ဝင်တွေအားလုံးဟာ ကိုယ်ပိုင် Cute Charm တွေကိုယ်စီရှိကြပြီး တစ်ကမ္ဘာလုံးက နှုတ်ခမ်း နီမလေးတွေကို ဆွဲဆောင်ထားကြသူတွေပါ။ ဒါပေမဲ့ အဖွဲ့ထဲမှာ Cute အဖြစ်ဆုံး သူတစ်ဦးကတော့ ရှိ ရမှာပေါ့။

မကြာသေးခင်က BTS The Best Online Talk Show 2021 Part 2 ဗီဒီယိုမှာ BTS အဖွဲ့ဝင်တွေဟာ အဖွဲ့ထဲက Cute အဖြစ်ဆုံး အဖွဲ့ဝင်တစ်ဦးကို ပြောခဲ့ကြပါတယ်။ Online Talk Show ဖြစ်တာကြောင့် BTS အဖွဲ့ဝင်တွေဟာ မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာဖြစ်ပြီး အဲဒီမှာ မေးခွန်းတစ်ခုက “best cute guy” က ဘယ်သူလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီမေးခွန်းကို V က “ Jimin ” လို့ ရွေးချယ်ခဲ့ပါတယ်။ နောက်ပြီး RM နဲ့ Jungkook တို့ V ရဲ့ ရွေးချယ်မှု ကို သဘောတူညီပြီး Jimin ကိုပဲ ရွေးခဲ့ပါတယ်။ နောက်တော့ ကာယကံရှင် Jimin ကိုယ်တိုင်ကလည်း အဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုကို ယုံကြည်မှုရှိရှိနဲ့ လက်ခံပြီး “ ကျွန်တော်ကိုယ်တိုင်ကလည်း Cute ဖြစ်တယ်လို့ ထင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

မြန်မာပြည်က ARMY ယောရောဘွန်းတွေကရော BTS အဖွဲ့ဝင်တွေနဲ့အတူ မိုချီဟာ Cute အဖြစ်ဆုံး အဖွဲ့ဝင်လို့ ထင်ပါသလား…

-m2t
Ref: Koreaboo

You cannot copy content of this page