K pop

■ ငယ်သူငယ်ချင်း Lisa ကို Bam Bam ဘယ်လိုခေါ်သလဲ

—- ငယ်သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ GOT7 အဖွဲ့ဝင် Bam Bam နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ဟာ သက်တူရွယ်တူတွေဖြစ်ပေမယ့် Bam Bam က Lisa ကို ဘယ်လိုခေါ်သလဲဆိုတာ သိရင်…

Bam Bam ဟာ မကြာသေးခင်က SBS Power FM‘s podcast Park Sohyun’s Love Game မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အဲဒီမှာ ငယ်သူချင်းဖြစ်သူ Lisa နဲ့ ပတ်သက်ပြီး များစွာပြောခဲ့ပါတယ်။ Bam Bam ဟာ သူ့ရဲ့ Solo သီချင်းကို Official မထွက်ခင် Lisa ကို အရင်နားထောင်စေခဲ့တယ်လို့ ပြောခဲ့သလို သူ့အနေနဲ့ Lisa ကို ဘယ်လိုခေါ်သလဲဆိုတာတွေကို ပြောခဲ့ပါတယ်။

Bam Bam နဲ့ Lisa တို့ဟာ 97 Liner တွေဖြစ်သလို အခြား ထိုင်း K-pop Idol ဖြစ်တဲ့ (G)I-DLE အဖွဲ့ ဝင် Minnie နဲ့လည်း သက်တူရွယ်တူဖြစ်ပါတယ်။ ဒီလို သက်တူရွယ်တူဖြစ်ပေမယ့် Lisa ကို Bam Bam က Noona (အစ်မ)လို့ ခေါ်တာလို့ ပြောခဲ့ပါတယ်။

“ Lisa နဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ Lisa နဲ့ အတူ ကျွန်တော်ရှိနေရင် Lisa ဟာ ကျွန်တော့်ထက် ပိုထက်မြက်တယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော် Lisa ကို Noona လို့ခေါ်တာဖြစ်ပါတယ်” လို့ Bam Bam က ပြောခဲ့ပါတယ်။

ထပ်ပြီးတော့ Noona လို့ ဘယ်အချိန်တွေမှာ ခေါ်သလဲဆိုတာကို Bam Bam က ပြောခဲ့ပါတယ်။ “ Lisa ကို Noona လို့ခေါ်တာ အကျင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမကို ကျွန်တော်တို့ ကိုရီးယားမှာ စကား ပြောတဲ့အချိန်မှာ Noona လို့မခေါ်ဘဲ ထိုင်းမှာ စကားပြောတဲ့အချိန်မှာသာ Noona လို့ ခေါ်တာပါ” လို့လည်း Bam Bam က ဆိုခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page