– – -Sixth Sense အပိုင်းတစ်ပိုင်းမှာ Kai နဲ့ Mijoo တို့ အတူတူ ပါဝင်ခဲ့ကြပြီး…
EXO အဖွဲ့ဝင် Kai ဟာ နာမည်ကျော် Variety Show ဖြစ်တဲ့ Sixth Sense ရဲ့ နောက်ဆုံးထွက်အပိုင်းမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တာပါ။
အဲဒီလို ပါဝင်ခဲ့ရာမှာတော့ Kai ဟာ အဖွဲ့ဝင်တွေနဲ့ အမှတ်တရ အခိုက်အတန့်တွေ၊ ချစ်စရာ အခိုက်အတန့်ကောင်းတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် Kai နဲ့ Lovelyz အဖွဲ့ဝင် Mijoo တို့ရဲ့ Chemistry က လူပြောများခဲ့တာပါ။
Kai နဲ့ Mijoo တို့ဟာ Amazing Saturday မှာ အတူ တွဲဖက် တင်ဆက်နေသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် Yoo Jae Suk က “Mijoo နဲ့ Kai တို့ Variety show တစ်ခု အတူတူ လုပ်နေတယ်လို့ ကြားတယ်။ အခြေအနေက ဘယ်လိုလဲ”လို့ မေးခဲ့ပါတယ်။
အဲဒီမှာ Kai က Mijoo တစ်ယောက် ဘယ်လို ခံစားရမလဲဆိုတာ သိချင်တယ်လို့ ဆိုခဲ့ရာမှာတော့ Mijoo က ချစ်စရာကောင်းစွာနဲ့ ရှက်သလို သရုပ်ဆောင်ခဲ့ပါတယ်။ ဒီအခါ Jessi က Mijoo တော့ ထူးဆန်းနေပြီ လို့ ပြောခဲ့ပါတယ်။
Mijoo နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရသလဲလို့ အမေးခံခဲ့ရာမှာတော့ Kai က “သူမက မလှဘူးလား။ သူမကပုံစံက ချစ်စရာလေးပါ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒီအခါ Mijoo တစ်ယောက် ရှက်သွေးဖြာသွားခဲ့ပုံရပြီး ခြေထောက်ကို ဆော့နေခဲ့ပါတယ်။
Mijoo ရဲ့ ရှက်သွေးဖြာနေမှုကို Jessi က ဖောက်ထွင်းလိုက်ပြီး “ဒီလိလုပ်နေတာ ရပ်ပါတော့။ သူက နင့်ကို ချီးကျူးနေတာပါ”လို့ ဆိုခဲ့ပါတော့တယ်။
-Ref: Koreaboo