— – – သီချင်းအတွက် MV ကို Lisa က …
ဇူလိုင် (၁၂)ရက်မှာ OSEN က BLACKPINK အဖွဲ့ဝင် Lisa အနေနဲ့ Solo Debut အတွက် MV ကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး ယခုနွေရာသီမှာ Solo Debut လုပ်ဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီသတင်းတွေ ထွက်ပေါ်လာပြီး မကြာခင်မှာ YG Entertainment က BLACKPINK အဖွဲ့ဝင် Lisa အနေနဲ့ Solo Debut နဲ့ပတ်သက်လို့ အခုလိုထုတ်ပြန်ခဲ့တာပါ။
YG Entertainment ရဲ့ထုတ်ပြန်ချက်မှာ “Lisa ဟာ သူမရဲ့ သီချင်းသစ်အတွက် ဗီဒီယိုကို အခုအပတ်အတွင်း ရိုက်ကူးမှာပါ။ သူ့အနေနဲ့ ဒီနွေရာသီမှာ Solo Debut လုပ်ပါလိမ့်မယ်”လို့ ဖော်ပြခဲ့ပါတယ်။
Lisa ရဲ့ Solo Debut မှာ DJ Snake က collaboration အဖြစ် ပါဝင်တယ်လို့ သတင်းထွက်နေပြီး DJ Snake ကိုယ်တိုင်ကလည်း Lisa နဲ့ သီချင်းသစ် လုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
Lisa ဟာ BLACKPINK အဖွဲ့မှာ Jennie, Rosé တို့ပြီးနောက် Solo သီချင်းထုတ်တဲ့ တတိယမြောက် အဖွဲ့ဝင် ဖြစ်လာမှာဖြစ်ပြီး Jisoo ကိုလည်း Solo သီချင်းထုတ်ပေးမယ်လို့ YG က ကြေညာထားတာပါ။
BLACKPINK အဖွဲ့ဟာ လာမယ့်သြဂုတ်မှာ အဖွဲ့ရဲ့ (၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် “4+1 PROJECT” ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရုပ်ရှင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
Ref: Soompi