K pop

■ YouTube Audio သမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ BTS အဖွဲ့ဝင်တစ်ဦး

—- BTS အဖွဲ့ဝင်တစ်ဦးရဲ့ သီချင်းဟာ YouTube Audio သမိုင်းမှာ စံချိန်သစ်တင်ခဲ့…

Kim Seokjin လို့ BTS အဖွဲ့ဝင် Jin ဟာ YouTube Audio သမိုင်းမှာ Like 3 သန်းရရှိတဲ့ ပထမဆုံး K Soloist တစ်ဦးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

Jin ရဲ့ “Abyss” သီချင်းဟာ ဇူလိုင်လ 9 ရက်နေ့က YouTube မှာ Like 3 သန်းရရှိတဲ့ ပထမဆုံး K- Audio သီချင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ “Abyss” သီချင်းဟာ Jin ကိုယ်တိုင်ရေးသားပြီး Compose လုပ် ထားတဲ့ သီချင်းဆိုတာ ARMY တွေအားလုံးသိပါတယ်။

အရင်ကတည်းက Jin ရဲ့ “Abyss” သီချင်းဟာ K Soloist ၊ K-pop Group သီချင်းတွေ အားလုံး အနက် YouTube မှာ Comment အများဆုံး K-Audio သီချင်းတစ်ပုဒ်ဖြစ်သလို Comment အများဆုံး ကမ္ဘာ့Audio သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်ထားတာပါ။

နောက်ပြီး YouTube သမိုင်းတစ်လျှောက် Comment အများဆုံး Top 100 ၊ 200 စာရင်းထဲဝင်နိုင်တဲ့ BTS Audio သီချင်းအဖြစ်လည်း “Abyss” က မှတ်ကျောက်တင်ထားတာဖြစ်ပါတယ်။ အခုအခါ Jin ဟာ YouTube Audio သမိုင်းမှာ Like ရော Comment ပါ အများဆုံးဖြစ်တဲ့ ပထမဆုံး K-Soloist အ ဖြစ် စံချိန်တင်ခဲ့ပြီဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page