—- Lee Seung Gi ကို ဘယ်လိုပေါင်းသင်းရမလဲဆိုတာ Suzy က အခိုင်အမာသိပုံပါပဲ…
နာမည်ကျော် မင်းသမီး Suzy ဟာ Lee Seung Gi ကို ဘယ်လိုပေါင်းသင်းရမလဲဆိုတာကို သရုပ် ဆောင်တစ်ဦးဖြစ်တဲ့ Yu Su Bin ကို အကြံပေးခဲ့ပါတယ်။ အရန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Yu Su Bin ဟာ ဇူလိုင်လ 11 ရက်နေ့က ပြသခဲ့တဲ့ SBS’ television show ‘Master in the House’ အစီအစဉ်မှာ အဖွဲ့ဝင်သစ်အနေနဲ့ လှုပ်ရှားမှု စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံးအပိုင်းသစ်မှာ Yu Su Bin အနေနဲ့ သူ့ရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုကို ပြသခဲ့ပါတယ်။ အိမ်မှာ ရှိနေစဉ် Yu Su Bin ဟာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ခဲ့တာပါ။ သူကတော့ Bae Boss လို့ နာမည်ပြောင်ပေးထားတဲ့ Suzy ဖြစ်ပါတယ်။ Suzy နဲ့ Yu Su Bin တို့ဟာ ပြီးခဲ့တဲ့နှစ် Star Up ဒရာမာ ကိုရိုက်ကူးခဲ့ကြပြီး ခင်မင်ခဲ့ကြတာပါ။
Yu Su Bin ဟာ Suzy ကို ဖုန်းခေါ်ပြီး Lee Seung Gi နဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။
Yu Su Bin : Suzy …မင်းဟာ Lee Seung Gi နဲ့ ဒရာမာတွေ ရိုက်ကူးခဲ့ဖူးတယ်မဟုတ်လား…
Suzy : အင်း…ကျွန်မ ရိုက်ဖူးပါတယ်။ ‘VAGABOND’ ဒရာမာကို အတူရိုက်ခဲ့တယ်…
Yu Su Bin : ဒါဆို ငါ့ကို Lee Seung Gi အကြောင်း ပြောပြနိုင်မလား…
Suzy : ကောင်းပြီလေ… Lee Seung Gi က သူ့ကို ချီးမွမ်းတာ အရမ်းကြိုက်တယ်…သူက အဲဒါက အရမ်းနှစ်သက်တာ…
Yu Su Bin : ‘Master in the House’ ကို ရောက်လာတော့ ငါ စိုးရိမ်နေတယ်။ ငါက ဟာသရှိတယ် လို့ မင်းထင်လား…
Suzy : အင်း… မင်း လေလည်တဲ့အခါလေ (ရယ်မောလျက်)
မကြာသေးခင်က ‘Master in the House’ အစီအစဉ်ကနေ ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့ သရုပ်ဆောင် Shin Sung Rok တို့ဟာ အစီအစဉ်ကနေ နုတ်ထွက်ခဲ့တာကြောင့် Yu Su Bin ဟာ အဖွဲ့ဝင်သစ်အနေနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
-m2t
Ref: SBSstar