K pop

■ You Tube မှာ မှတ်တိုင်သစ် စိုက်ထူခဲ့တဲ့ BTS ရဲ့ သီချင်း(၂)ပုဒ်

— – – BTS အဖွဲ့ရဲ့ နာမည်ကျော်သီချင်း (၂)ပုဒ်မှာ ရှေ့ဆင်နောက်ဆင့်ပဲ …

BTS အဖွဲ့ရဲ့ နာမည်ကျော်သီချင်းတွေဖြစ်တဲ့ “MIC Drop” နဲ့ “Dynamite” တို့ဟာ ရှေ့ဆင်နောက်ဆင့်ပဲ You Tube မှာ မှတ်တမ်းသစ်တွေ အပြိုင်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ သြဂုတ်လ (၂၁)ရက်က ထုတ်ဝေခဲ့တဲ့ “Dynamite” MV ဟာ နိုဝင်ဘာ (၃၀)ရက် ကိုရီးယားစံတော်ချိန် ည (၁၁)နာရီမှာ You Tube Views သန်း (၆၅၀) ကျော်ခဲ့တာဖြစ်ပြီး အဲဒီအတွက် (၃)လ၊ (၉)ရက်နဲ့ (၁၀)နာရီပဲ ကြာခဲ့တာပါ။

ဒါကြောင့် BTS အဖွဲ့ရဲ့ “Dynamite” MV ဟာ PSY ရဲ့ “Gangnam Style” ကိုကျော်ပြီး K-Pop MV တွေထဲမှာ အဲဒီပမာဏကို အမြန်ဆုံးရရှိတဲ့ MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၇ နိုဝင်ဘာ (၂၄)ရက်က ထုတ်ဝေခဲ့တဲ့ “MIC Drop” remix MV ကတော့ ၂၀၂၀ ဒီဇင်ဘာ (၁) ရက်၊ ကိုရီးယားစံတော်ချိန် နံနက် (၇) နာရီဝန်းကျင်မှာ You Tube Views သန်း (၈၀၀) ကျော်ခဲ့တာဖြစ်ပြီး

“DNA,” “Boy With Luv,” နဲ့ “Fake Love” တို့အပြီး You Tube Views သန်း (၈၀၀) ကျော်တဲ့ (၄)ခုမြောက် MV ဖြစ်ခဲ့ပါတယ်။

— ဃဲ
Ref: Soompi & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page