— BLACKPINK အဖွဲ့ဝင် Rosé ဟာ 2021 ခုနှစ်မှာ YouTube Views အမြန်ဆုံး First Korean Female Act ဂုဏ်ပုဒ်ကို ရရှိခဲ့ပြန်ပြီဖြစ်ပါတယ်။
ဇူလိုင်လ 13 ရက်နေ့ ကိုရီးယားစံတော်ချိန် 3:30 AM မှာ BLACKPINK အဖွဲ့ဝင် Rosé ရဲ့ “On The Ground” MV ဟာ YouTube Views သန်း 200 ပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့ပါတယ်။ Rosé ဟာ “On The Ground” MV ကို မတ်လ 12 ရက်နေ့ ကိုရီးယားစံတော်ချိန် 2PM မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး YouTube Views သန်း 200 မိုင်တိုင်ကို ရောက်ရှိဖို့ 4 လနဲ့ 13 နာရီသာကြာမြင့်ခဲ့တာပါ။
ဒါကြောင့် Rosé ဟာ 2021 ခုနှစ် Female Solo Music Video တွေအနက် ဒီမိုင်တိုင်ကိုအမြန်ဆုံးရရှိ တဲ့ ပထမဆုံး Female Act တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လကတည်းက Rosé ရဲ့ “On The Ground” MV ဟာ YouTube Views သန်း 100 အမြန်ဆုံးပြည့်တဲ့ Korean female soloist MV အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပြီး BLACKPINK အဖွဲ့ဝင် တစ်ဦးပဲဖြစ်တဲ့ Jennie ရဲ့ Solo သီချင်းကို စံချိန်ကို ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
နောက်ပြီး Rosé ရဲ့ “On The Ground” MV ဟာ K-pop Soloist Debut MV တွေအနက် 24 နာရီ အတွင်း Views အများဆုံး MV အဖြစ်လည်း မှတ်တမ်းဝင်ထားတာပါ။ နောက်ထပ် သူမရဲ့ ဒုတိယ Solo MV “Gone” ဟာလည်း မကြာသေးခင်က YouTube Views သန်း 100 ပြည့်ခဲ့တယ်လို့ သိရပါ တယ်။
-m2t
Ref: Soompi