Drama

■ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Song Kang နဲ့ Han So Hee တို့ရဲ့ Kiss Scene နောက်ကွယ်

– – – ဒီ Kiss Scene ကို ခပ်မြန်မြန်သာလုပ်ဖို့ ဒါရိုက်တာ ပြောခဲ့ပေမဲ့လည်း…

လတ်တလောပရိသတ်တွေကြားမှာ Song Kang နဲ့ Han So Hee တို့ရဲ့ Nevertheless ဇာတ်လမ်တွဲက စိတ်ဝင်စားမှု မြင့်တက်နေခဲ့တာပါ။

သူတို့နှစ်ယောက်ရဲ့ ရိုမန့်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းတွေက ကြည့်ရသူ ပရိသတ်တွေအတွက်တော့ ရင်ဖိုစရာ၊ ရင်ခုန်စရာကောင်းလှတာ ဖြစ်ပါတယ်။ အပိုင်း (၃) မှာ ပါဝင်ခဲ့တဲ့ Song Kang နဲ့ Han So Hee တို့ရဲ့ အနမ်းဇာတ်ဝင်ခန်းကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။

အခုအခါ အဲဒီဇာတ်ဝင်ခန်း နောက်ကွယ်က ရိုက်ကွင်းဗီဒီယိုကို ဖွင့်ချပြခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ Han So Hee ဟာ လျင်လျင်မြန်မြန်ပဲ ချက်ချင်း တွန်းထုတ်လိုက်ရမှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အနမ်းခန်းဟာ (၅) စက္ကန့်အထိ ကြာမြင့်ခဲ့ပြီး Song Kang က ချစ်စရာကောင်းစွာ ပြုံးပြပြီး အဆုံးသတ်လိုက်တာပါ။ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးစဉ်မှာလည်း သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရှက်နေခဲ့ပြီး ကြည့်ရတာ အသည်းယားချင်စရာကောင်းတာ တွေ့ရပါတယ်။

နောက်လာမဲ့အပိုင်းတွေမှာလည်း Song Kang နဲ့ Han So Hee တို့နှစ်ယောက် ပရိသတ်တွေကို ဘယ်လိုမျိုးရင်ဖိုအောင် ဖမ်းစားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

-Ref: Koreaboo

You cannot copy content of this page