– – -RM ရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ကြပြီး…
Song Ji Hyo ဟာ Running Man ကို စတင်ရိုက်ကူးတဲ့ အစောပိုင်းနေ့ရက်တွေကတည်းက ပါဝင်လာခဲ့သူဖြစ်ပါတယ်။
RM မှာ ပါဝင်လာခဲ့တဲ့ ကာလတစ်လျှောက်လုံး Ji Hyo ဟာ တစ်ချက်ကလေးမျ မငြီးငြူခဲ့ဘဲ Show အသက်ဝင်အောင် ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ပါဝင်ခဲ့တာပါ။
ဇူလိုင်လ (၁၁) ရက်နေ့မှာတော့ Running Man ဟာ (၁၁) နှစ်ပြည့်အထူးအပိုင်းကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ “strange family portrait race”လို့ အမည်တပ်ထားတဲ့ပြိုင်ပွဲကို အဖွဲ့ဝင်တွေက ဆင်နွှဲခဲ့ရပြီး သူတို့ရရှိခဲ့တဲ့ ဆုငွေအလိုက် မိသားစုဝတ်စုံကို ဝယ်ယူဝတ်ဆင်ရတာပါ။
အဆုံးသတ်မှာတော့ Kim Joog Kook နဲ့ Ji Suk Jin တို့က အမေနဲ့အဖေနေရာအတွက် လုံလောက်တဲ့ ဘတ်ဂျက်ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ So Min နဲ့ Yoo Jae Suk တို့ကတော့ ကလေးတွေနေရာရခဲ့ပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာကောင်းတာက Song Ji Hyo က မိသားစုရဲ့ ပါပီလေးဖြစ်ခဲ့တာပါ။ Song Ji Hyo ကို အဲဒီဝတ်ဆင်နဲ့ မြင်တွေ့ခဲ့ရတဲ့အခါ RM အဖွဲ့ဝင်တွေ ကိုယ်တိုင် အံ့အားသင့်ခဲ့ရတာပါ။ ကြည့်နေရင်းနဲ့ Ji Suk Jin ကတောင် Ji Hyo ကို ဒီလိုလုပ်ဖို့ မလိုဘူးလို့ ဝင်ပြောရတဲ့အထိပါပဲ။
ဒါ့အပြင် Song Ji Hyo ကို ပြုလုပ်ခိုင်းတဲ့ Pose တွေနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေက တော်တော်လေး ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
-Ref: Koreaboo