K pop

■ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တဲ့ Kai ရဲ့လုပ်ရပ်ကို ပရိသတ်တွေ ချီးကျူး

– – – Kai ရဲ့ နွေးထွေးကြင်နာမှုက တကယ့်ကို နှစ်လိုဖွယ်ကောင်းခဲ့ပြီး…

tvN ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Variety Show အသစ်ဖြစ်တဲ့ Udo Inn ရဲ့ ပထမဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီအစီအစဉ်ဟာ ကိုရိုနာကပ်ဘေးကာလအတွင်းလက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက် မင်္ဂလာစုံတွဲတွေအတွက် ထူးခြားတဲ့ ပျားရည်ဆမ်းခရီး အတွေ့အကြုံတွေ ရရှိဖို့ ရည်ရွယ်ထားတာပါ။

ဒီအစီအစဉ်မှာ EXO အဖွဲ့ဝင် Kai က အဖွဲ့ဝင်အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ အပိုင်းတစ်မှာတော့ Kai ဟာ အသစ်စက်စက် မင်္ဂလာစုံတွဲတစ်တွဲကို ဧည့်သည်ခဲ့တာ တွေ့ရပါတယ်။ Kai ဟာ သူတို့အတွက် သောက်စရာတွေ ပြင်ဆင်ပေးရင်လည်း သတို့သမီးဟာ ကိုယ်ဝန်လွယ်ထားရတာကို သတိထားမိခဲ့ပါတယ်။

ဒီမှာပဲ Kai က “ကိုယ်ဝန်ဆောင်ပြီးကတည်းက ရေသောက်ချင်နေပါသလား”လို့ ညင်ညင်သာသာ မေးခဲ့ပါတယ်။ အဲဒီနောက် Udo Inn ဟာ စုံတွဲတွေအတွက် လက်ဖက်ရည်တွေ ချပေးထားခဲ့လို့ Kai က ကိုယ်ဝန်ဆောင်အမျိုးသမီးကို လက်ဖက်ရည်သောက်လို့ရလားဆိုပြီး စိုးရိမ်စွာ မေးခဲ့ပါသေးတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးက သူမအနေနဲ့ လက်ဖက်ရည်သောက်လို့ရကြောင်းပြန်ဖြေခဲ့ပါတယ်။ အစီအစဉ်တစ်လျှောက်လုံး Kai ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို သွားတာ၊လာတာက အစ ဂရုတစိုက် ဆက်ဆံခဲ့တာ တွေ့ရပါတယ်။

အဲဒီလိုမျိုး Kai ရဲ့ ဂရုတစိုက်ဆက်ဆံမှုကို ပရိသတ်တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

You cannot copy content of this page