K pop

■ Aespa ရဲ့ “Next Level” ကို အားပေးဝန်းရံခဲ့ကြတဲ့ K-pop Idol များ

– – Aespa ရဲ့ Next Level ကို သဘောကျနေတဲ့ Idol များစွာရှိနေပြီး…

Aespa ရဲး Next Level ဟာ ပရိသတ်တွေကြားမှာသာမက K-pop Idol တွေကြားမှာပါ ရေပန်းစားလျက် ရှိနေပါတယ်။

ဒီသီချင်းဟာ စွဲလမ်းလွန်းတဲ့အတွက် ကိုရီးုယားမှာ စာမေးပွဲဖြေဆိုမဲ့ကျောင်းသားတွေနားမထောင်သင့်တဲ့ သီချင်းထဲမှာတောင် ထည့်သွင်း သတ်မှတ်ခံခဲ့ရတာပါ။ အခုအခါမှာတော့ Next Level ကိုအားပေး ဝန်းရံခဲ့ကြတဲ့ K-pop Idol တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Kim Sejeong

Kim Sejeong ဟာ Live တစ်ခုမှာ Next Level သီချင်းကို ဆိုပြခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ အရမ်းကောင်းပြီး သူမအနေနဲ့ မကြာခဏ နားထောင်ဖြစ်တယ်လု့ိလည်း Sejeong က ဖွင့်ဟခဲ့ပါတယ်။

2PM…

တလောတုန်းက Kang Hanna ရဲ့ Volume Up မှာ ဧည့်သည်အဖြစ ်ပါဝင်စဉ်မှာ 2PM အဖွဲ့ဝင်တွေဟာ Next Levelသီချင်းနဲ့ ကပြခဲ့တာ ဖြစ်ပါတယ်။

Key (SHINee)

SHINee အဖွဲ့ဝင် Key ဟာ Amazing Saturday မှာ ပါဝင်စဉ်မှာ Next Level သီချင်းနဲ့ ဖျော်ဖြေမှု ပြုလုပ်ခဲ့တာပါ။

MOMOLAND

MOMOLAND အဖွဲ့ဝင်တွေကလည်း Next Level သီချင်းအပေါ်နှစ်သက်မှုကို ပြသခဲ့ကြပါတယ်။ Nancy က သူမအနေနဲ့ အဲဒီအတိုင်း နေ့တိုင်းနီးပါး နားထောင်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး ကျန်အဖွဲ့ဝင်တွေကလည်း choreography ပြုလုပ်ခဲ့ပြပါတယ်။

Beomgyu (TXT)

TXT အဖွဲ့ဝင် Beomgyu ကလည်း Live တစ်ခုမှာ Next Level သီချင်းကို ကပြခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

-Ref: Koreaboo

You cannot copy content of this page