– – -COVID စစ်ဆေးမှု အဖြေနဲ့ပတ်သက်ပြီး အေဂျင်စီက အတည်ပြုထုတ်ပြန်ခဲ့ပြီဖြစ်ပြီး…
Vocal Trainer တစ်ဦး COVID-19 ကူးစက်ခံရပြီးနောက် BOTB အဖွဲ့ဝင် Minhyuk ဟာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
Minhyuk ဟာ တလောတုန်းက အဲဒီ Vocal Trainer နဲ့ လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် အဲဒီ Vocal Trainer ဟာ COVID-19 ကူးစက်ခံလိုက်ရတာပါ။ ဒါကြောင့် Minhyuk နဲ့ သူ့မန်နေဂျာ၊ ဝန်ထမ်းတွေဟာ self-isolation နေထိုင်နေရကာ ဆေးစစ်မှု ခံယူခဲ့ရတာပါ။
နောက်ဆုံးမှာ Cube Entertainment က ဆေးစစ်မှုအဖြေကို ထုတ်ပြန်ခဲ့ပြီး Minhyuk အနေနဲ့ Negative ပြခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
Minhyuk အနေနဲ့ Vocal Trainer နဲ့ လေ့ကျင့်မှု ပြုလုပ်ပြီးနောက်ပိုင်း တခြား BTOB အဖွဲ့ဝင်တွေနဲ့ ထိတွေ့မှု မရှိဘူးလို့လည်း သိရပါတယ်။
-Ref: Koreaboo