K pop

■ Peakboy ရဲ့ သီချင်းသစ်မှာ သူငယ်ချင်းတွေနဲ့အတူ ပါဝင်အားဖြည့်သွားမဲ့ BTS အဖွဲ့ဝင်

– – – Peakboy ရဲ့ MV မှာ BTS တစ်ဦးအနေနဲ့…

အေဂျင်စီ Neuron Music ကတော့ Peakboy ရဲ့သီချင်းသစ်နဲ့ပတ်သက်ပြီး ထုတ်ပြန်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ Peakboy ရဲ့အသစ်ထွက်ရှိမဲ့ သီချင်းသစ်မှာ BTS အဖွဲ့ဝင် V,Park Seo Joon နဲ့ Choi Woo Sik တို့ ပါဝင်အားဖြည့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။

Gyopo Hair လို့ အမည်ရတဲ့ သီချင်းသစ် MV မှာ V တို့သူငယ်ချင်းတစ်သိုက်က သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ electronic hip-hop အမျိုးအစားဖြစ်ပြီး ကိုးဆယ်ခုနှစ်ဝန်းကျင်မှာ ရေပန်းစားတဲ့ ဆံပင်ပုံစံအကြောင်း ဖြစ်ပါတယ်။

ဒါကြောင့် V တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုမျိုး ပျော်ပျော်ပါးပါးကြီး သရုပ်ဆောင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိနေပါတယ်။

-Ref: Koreaboo

You cannot copy content of this page