— ဒီအမျိုးသမီး အမျိုးသမီး ထိပ်တန်း K Cele Visual (၃)ဦးဟာ မတ်လ 29 ရက်မှာမွေးဖွားကြတဲ့သူတွေ ဖြစ်ပါတယ်။ တစ်ဦးကတော့ စောစီးစွာ ကြွေလွင့်ခဲ့ပေမယ့် အခုချိန်ထိ ပရိသတ်တွေ သတိရနေဆဲပါ ပဲ။
1) Red Velvet’s Irene
မတ်လ 29 ရက်နေ့မှာ မွေးဖွားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အလှပဂေးကတော့ Red Velvet အဖွဲ့ဝင် Irene ဖြစ်ပါတယ်။ အချောအလှတွေမွေးထုတ်ပေးလေ့ရှိတဲ့ ဒယ်ဂူးသူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ 29 ရက်နေ့တုန်းက အသက်(၂၉)နှစ်ပြည့်သွားခဲ့တာပါ။ ဒါပေမဲ့ အသက် (၃၀)နားကပ်လာပေမယ့်လည်း နုပျိုနေဆဲ အလှကို ပိုင်ဆိုင်ထားပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း Visual အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
2) Kim Tae Hee
သမီးနှစ်ယောက်ရဲ့မိခင်၊ အသက် (၄၀)ေက်ာ္သွားပြီးလို့ မထင်ရလောက်အောင် မင်းသမီး Kim Tae Hee တစ်ယောက် လှပနေဆဲဖြစ်ပါတယ်။ အနုပညာသက်တမ်း အနှစ် (၂၀)ကျော်အတွင်း တောင်ကို ရီးယားနိုင်ငံရဲ့ အလှဆုံး Cele အမျိုးသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး မတ်လ 29 ရက်နေ့ အူလ်ဆန်မြို့သူလေးဖြစ်ပါတယ်။ Hi Bye, Mama ဒရာမာ Comeback ပြုလုပ်ထား ခဲ့ပြီး တစ်သားမွေးတစ်သွေးလှသလို အလှကြီးလှနေဆဲဖြစ်ပါတယ်။
3) Sulli
နောက်ထပ် မတ်လ 29 ရက်ဖွားဖြစ်တဲ့ Visual Idol မင်းသမီးကတော့ အချိန်မတိုင်ခင် ကြွေလွင့်သွား ရှာပြီဖြစ်တဲ့ Sulli ပဲဖြစ်ပါတယ်။ 2019 ခုနှစ် အောက်တိုဘာလ 13 ရက်နေ့မှာ ကြွေလွင့်သွားတာဖြစ်လို့ ႏွစ္တိုင္းအောက်မေ့သတိရခြင်းတွေနဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ ခံစားရဦး မှာပါ။
-m2t
Ref: Koreaboo