Celebrity

■ BTS ၊ BLACKPINK တို့ကိုနမူနာယူပြီး Idol တွေမဖြစ်မနေသင်ယူသင့်တဲ့အရာတစ်ခုကို ပြောကြားခဲ့တဲ့ K-pop Idol ဟောင်း

အရင်က Crayon Pop အဖွဲ့ဝင်ဟောင်း၊ လက်ရှိ YouTuber တစ်ဦးဖြစ်သူ Way ဟာ လက်ရှိအချိန် မှာ BTS ၊ BLACKPINK တို့ကို နမူနာယူပြီး Idol တွေ မဖြစ်မနေသင်ယူသင့်တဲ့အရာတစ်ခုကို ပြောကြားခဲ့ပါတယ်။

K-pop ရေစီးကြောင်းဟာ အမေရိကအပါအဝင် ဥရောပဘက်ကိုပါ ပြန့်နှံ့စီးဝင်နေတာကြောင့် လက်ရှိ အချိန်မှာ K-pop Idol တွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို မဖြစ်မနေသင်ယူသင့်တယ်လို့ Way က အကြံပေးခဲ့တာဖြစ်ပါတယ်။

Way ရဲ့ အကြံပေးချက်အရ BTS အဖွဲ့ခေါင်းဆောင်ဟာ Self-Study အင်္ဂလိပ်စာသင်ယူပြီး အဖွဲ့ရဲ့ ကမ္ဘာအနှံ့ပြောဆိုမှုကိုယ်စား လှယ်ဖြစ်ပါတယ်။ RM ရဲ့ အင်္ဂလိပ်စာဟာ Fluent ဖြစ်တာကြောင့် BTS အဖွဲ့အနေနဲ့ ကမ္ဘာနဲ့ဆက်သွယ်ရာမှာ အဓိကကျခဲ့ပါတယ်။ ဒါ့အပြင် 2019 ၊ 2020 UN General Assembly မိန့်ခွန်းတွေတောင် ပြောနိုင်တဲ့အထိ ပေါက်မြောက်အောင်မြင်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါ တယ်။

BLACKPINK အဖွဲ့မှာဆိုရင် Rosé ၊ Jennie တို့ဟာ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေမှာ ကြီးပြင်း လာခဲ့ကြတာဖြစ်သလို Lisa ဆိုရင်လည်း ဘာသာစကားနဲ့ပတ်သက်ပြီး မာစတာဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။ BTS နဲ့ BLACKPINK တို့ဟာ ကမ္ဘာအနှံ့ပရိသတ်တွေ ပစ်မှတ်ထား တဲ့အနေနဲ့ English Single တွေကို ထုတ်လွှင့်ပြီး အောင်မြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ K-pop Idol တွေအနေနဲ့ K-pop Music တွေ ကမ္ဘာအနှံ့ရောက်ရှိနေပြီ ဖြစ်တာကြောင့် အင်္ဂလိပ်စာကိုသင်ယူဖို့ အရမ်းအရေးကြီးလာပြီဖြစ်ပြီး ဒါမှလည်း ကမ္ဘာအနှံ့က ပရိသတ်တွေနဲ့ ဆက်သွယ်နိုင်မှာပါလို့ Way က YouTube ကနေတဆင့်ဖော်ပြခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page